အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာ အီဒူးကို ခေါ်ယူရန် မာရီနာကစ် ပစ်မှတ်ထား

အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာ အီဒူးကို ခေါ်ယူရန် မာရီနာကစ် ပစ်မှတ်ထား
Photo: X
Photo: X
Published 5 August 2024

နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် ဂရိလုပ်ငန်းရှင် မာရီနာကစ်သည် အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာ အီဒူးကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းသိရသည်။

မာရီနာကစ်သည် နော်တင်ဟမ်ဖောရက်စ်အသင်းကိုသာမက ဂရိကလပ် အိုလံပီယာကော့စ်အသင်းနှင့် ပေါ်တူဂီကလပ် ရီယိုအဗီအသင်းတို့ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

မာရီနာကစ်သည် အဆိုပါအသင်း(၃)သင်းစလုံးကို ကြီးကြပ်ကွပ်ကဲစေရန်အတွက် အီဒူးကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။

အီဒူး(၄၆ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် အာဆင်နယ်အသင်း၏ နည်းစနစ်ဒါရိုက်တာအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ အားကစားဒါရိုက်တာအဖြစ် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။

အာဆင်နယ်အသင်းအား ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်သည့်အသင်းဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့် မာရီနာကစ်က အီဒူးကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent