■ ဝတ်စုံစပွန်ဆာ Castore နှင့် လေဗာကူဆင်အသင်း စာချုပ်ဖျက်သိမ်းမည်

■ ဝတ်စုံစပွန်ဆာ Castore နှင့် လေဗာကူဆင်အသင်း စာချုပ်ဖျက်သိမ်းမည်
Published 2 August 2024

ဂျာမန်ကလပ် လေဗာကူဆင်အသင်းသည် ဝတ်စုံစပွန်ဆာ Castore နှင့် စာချုပ်ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။ 

လေဗာကူဆင်အသင်းသည် Castore နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လက်ရှိအချိန်တွင် လေဗာကူဆင်အသင်း၏ ဝတ်စုံများကို စျေးကွက်တောင်းဆိုမှုနှင့် ကိုက်ညီအောင် ထုတ်လုပ်ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။ 

ထို့ကြောင့် ဝတ်စုံစပွန်ဆာ Castore နှင့် လေဗာကူဆင်အသင်းတို့ စာချုပ်ဖျက်သိမ်းရမည့်အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ 

လေဗာကူဆင်အသင်းသည် ဝတ်စုံစပွန်ဆာအသစ် ရှာဖွေနေပြီး ရာသီသစ်မတိုင်မီ စပွန်ဆာအသစ် မရရှိခဲ့ပါက ဂျာမနီလက်ရွေးစင်အသင်း၏ဝတ်စုံကို ငှားရမ်းအသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent