ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက် ရက် ၅၀ အတွင်း မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက် ရက် ၅၀ အတွင်း မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံရ
Published 1 August 2024
ကိုရွှေသိန်း

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ် သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂ဝစီမံချက် ၏ရက် ၅၀ အတွင်း မြန်မာလုပ်သား တစ်သိန်း ကျော် ဖမ်းဆီးခံရကြောင်း  ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားချက် အရ သိရသည်။

တရားမဝင်အလုပ်သမား ဖမ်းဆီးရေး အတွက် ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် ဇွန်လ  ၅ရက်နေ့မှစတင်ခဲ့ရာ  ဇူလိုင်လ၂၅ ရက် နေ့ထိ ရက် ၅၀ အတွင်း အလုပ်ရုံ၊စက်ရုံ လုပ်ငန်းဆိုက် အသီးသီးရှိ တရားမဝင်အလုပ် သမားများကို လိုက်လံစစ်ဆေးမှုပြုလုပ်ရာ တွင် မြန်မာအပါ အဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၄၇၇၂၆ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲဌာနအပါဝင် ဌာနဆိုင် ရာအဖွဲ့များ သည်  ဘန်ကောက်မြို့ ဟွေ့ခွာ ဝေး၊ဖာစီကျလိန်တွင်စျေးဆိုင်များ၊ ဘန်ခယ် မြို့နယ်ရှိ စက်ရုံများနှင့် ရတ်ချ်ဘူရီနယ်မြေ တွင် အုန်းသီးစက်ရုံ ဥဒွန်ထာနီ ရှိ စားသောက် ဆိုင်များနှင့် ချတ်ချင်စောင်တွင် ဆောက်လုပ် ရေး အပါဝင် နေရာပေါင်း များစွာတို့မှ တရား မဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ် သမား စုစုပေါင်း ၁၄၇၇၂၆ ဦးဖမ်းဆီးရမိ ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က နိုင်ငံအလိုက်ဖမ်းဆီးရမိသူများမှာ ထိုသို့ ဖမ်းဆီးရမိ သည့် နိုင်ငံအလိုက်အလုပ်သမားများ  မြန်မာ အလုပ်သမား  ၁၁၀၁၃၀ ဦး ၊ ကမ္ဘောဒီးယား အလုပ်သမား ၂၂၉၉၉ ဦး ၊ လာအိုအလုပ် သမား  ၉၆၇၅  ဦး ၊ ဗီယက်နမ် အလုပ်သမား ၁၀၄  ဦးနှင့် အခြားနိုင်ငံသား အလုပ်သမား ၄၈၁၈ ဦးဖြစ်ကြပြီး ယင်းတို့အနက် မြန်မာ အလုပ်သမား ၆၅၈ ဦး၊ လာအိုအလုပ်သမား ၁၄၇ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၁၄၁ ဦး ၊ ဗီယက်နမ်အလုပ်သမား ၂၁ ဦး၊ အခြား နိုင်ငံ အလုပ်သမား ၇၀ ဦးတို့ကို အရေးယူ ဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားသား အလုပ်သမားအနက် အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမစ်မရှိသည့် အလုပ်သမားနှင့် လုပ်ကိုင် ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင် သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ အလုပ်သမားက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်ပိတ်ခံရမည်ဖြစ်သည်။ အလုပ်လုပ် ကိုင်ခွင့်မရှိသည့် အလုပ်သမားကို လက်ခံ သည့် အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမား တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁ဝဝဝဝဝထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူး လွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး တစ်နှစ်နှင့် ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် သုံးနှစ် ပိတ်ခံရမည် ဖြစ်ကြောင်း အလုပ်သမားဦးစီးဌာန ထုတ်ပြန် ထားကြောင်း ထိုင်ငံဘက်မှ လာသော သ တင်းများအရ သိရသည်။          

 

Most Read

Most Recent