မြဝတီမြို့ရဲ့ အနားသတ် သောင်းရင်းမြစ် စည်းတစ်ဖက်ခြားက မဲဆောက် အပါအဝင် တာ့ခရိုင် ကိုးမြို့နယ်အတွင်းမှာ အလုပ်ရုံစက်ရုံပေါင်း ၄၀၀ ကျော်နဲ့ အခြားစီးပွားရေး လုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်သိန်းကျော်၊ ထိုင်းနိုင်ငံ တစ်နံတစ်လျားမှာ မြန်မာလုပ်သား ငါးသန်းခန့် ဝင် ရောက်လုပ်ကိုင်လျက်ရှိတယ်လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားရေးရာ ကျွမ်းကျင်သူ တွေက ခန့်မှန်းကြပါတယ်။
မဲဆောက်မြို့နယ်အတွင်းက သိုးမွေးထိုး စက်ရုံသုံးရုံအပါအဝင် အထည်ချုပ်စက်ရုံ ပေါင်း ၆၀ ကျော်နဲ့ စက်ရုံအသေး ၂၀၀ ကျော် တည်ရှိ လည်ပတ်လျက်ရှိတယ်ဆိုပေမယ့် လုပ်အားခ ချိုးနှိမ်ခံရတယ်လို့လည်း သိရ တယ်။
ယခုအခါ တစ်နှစ်ထက်တစ်နှစ် ရာသီဥ တုပူနွေးလာမှုတွေကြောင့် သိုးမွေးထိုးစက်ရုံ လုပ်ငန်းတွေ မှေးမှိန်လာခဲ့ပေမဲ့ အထည် ချုပ်နဲ့ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ တွေကတော့ ပိုမိုတွင်ကျယ်လို့လာခဲ့ပါတယ်။
အထည်ချုပ်နဲ့ လျှပ်စစ်ဝိုင်ယာကြိုး (ကွိုင်ထုတ်လုပ်ရေး) စက်ရုံကြီးတစ်ခုစီမှာ မြန်မာလုပ်သား အမျိုးသား၊ အမျိုးသမီး ၂၀၀၀ ဝန်းကျင် လုပ်ကိုင်လျက်ရှိရာ ယောက်ျား လေးအဆောင်၊ မိန်းကလေးအဆောင်တွေ မှာ နေခွင့်ရတယ်ဆိုပေမဲ့ အခန်းကျဉ်းလေး ထဲမှာ ကျောခင်းရရုံ နှစ်ထပ်ခုတင်နဲ့သာ နေ ကြရတယ်လို့ ဆိုပါတယ်။
အိမ်ရုံလို့ခေါ်တဲ့ တစ်နိုင်တစ်ပိုင် အ ထည်ချုပ်အကျႌ၊ ဂျင်းဘောင်းဘီ စက်ရုံ ၁၀၀ ကျော် (ကလေးဝတ်၊ ခွေးဝတ်အကျႌ) စက်ရုံ တစ်ရုံလျှင် စက်အလုံး၊ လုပ်သားအင်အား ၁၀၀ ကျော်နဲ့ လည်ပတ်လျက်ရှိပြီး မဲဆောက် အလွန် မယ်ပ၊ မယ်ကု၊ မဲကလုံ စတဲ့နယ်မြေ တွေမှာ အထည်ချုပ်စက်ရုံ ၄၀ ကျော်ရှိ ကြောင်းလည်း သိရပါတယ်။ မယ်ပနယ်အ တွင်းရှိ တစ်ခုတည်းသော ကြေးနန်းကြိုးစက် ရုံမှာ မြန်မာအမျိုးသမီး သီးသန့် ၅၀၀ ကျော် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူးနယ်ဘက်တွေ က လာရောက်လုပ်ကိုင်သူ ပိုမိုများပြားတယ် လို့ ဆိုပါတယ်။
ကြေးနန်းကြိုးစက်ရုံမှာ ဝင်ရောက်လုပ် ကိုင်သူအမျိုးသမီးငယ်တစ်ဦးက “ညီမတို့က ရခိုင်က လာတာလေ။ လာကတည်းက ရွာက လူတွေရှိတဲ့စက်ရုံမှာ ဝင်လုပ်မယ်လို့ ဆုံးဖြတ် ပြီးလာခဲ့တာ။ ဘော်လီ (အထည်စက်ရုံ၊ ကြေး နန်းကြိုးစက်ရုံ) စက်ရုံ၊ ဂျင်း (အထည်)၊ မျှစ်ရုံ တွေမှာ ရွာကလူတွေရှိတယ်။ တူရုံတွေမှာ ရှိတယ်။ ဒါနဲ့ ညီမက ကြေးနန်းကြိုးစက်ရုံမှာ ဝင်လုပ်ဖြစ်တာပါ။ ကြေးနန်းကြိုးဆွဲရတာ၊ အလုပ်စဝင်ဝင်ချင်း ကြေးနန်းကြိုးဆွဲပြီး ကွိုင် ပတ်ရတာ လက်တွေပေါက်မတတ်ပါပဲ။ ရောင် ကိုင်းပြီး ထမင်းမစားနိုင်ဘူး။ မျက်ရည်ပေါက် ကြီးငယ် ကျခဲ့ရပါတယ်။ ဒီတော့ ကိုယ့်ကိုယ် ကိုယ်ပြန်မေးတယ်။ ရွာပြန်ပြီး မိုးရေထဲ ဗွက် ထဲမှာ ကောက်စိုက်မလား၊ အမိုးအောက်မှာ လုပ်မလားပေါ့။ အံကြိတ်ခံကာ လုပ်ရင်းနဲ့ ညီမလက်တွေက ဂစ်တာသမား လက်တွေကို မာလာတယ်။ ၁၀ ရက်၊ တစ်လ လုပ်သက်ရ လာတဲ့အခါ သူများနည်းတူ လုပ်နိုင်လာ တယ်။ မြဝတီ၊ ရန်ကုန်စတဲ့မြို့ပေါ်က တချို့ မိန်းကလေးတွေဆို အိမ်မှာ ကြော့ကြော့လေး နေလာတော့ ခံနိုင်ရည်မရှိဘူး။ တစ်ရက်ပဲ နောက်နေ့ဆို ပြန်ပြေးကြတာပါပဲ။ ဘာပဲလုပ် လုပ် စိတ်ဓာတ်မာဖို့လိုသလို ဆုံးဖြတ်ချက် မှန်ဖို့လည်းပါတယ်။ သူများပြောတိုင်း နား ယောင်ရင်တော့ လမ်းမှားကိုရောက်ဖို့ အရမ်း လွယ်ပါတယ်။ မိဘမရှိ၊ ဆွေမရှိ၊ မျိုးမရှိ၊ အုပ် ထိန်းသူမရှိပေမဲ့ ကိုယ့်မြန်မာချင်း ညီအစ်မ တွေရှိပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူ ညီရိုင်းပင်း ထိန်းသိမ်းကြသလို ကိုယ့်ကိုယ် ကိုယ်လည်း ထိန်းသိမ်းပြီး နေရပါတယ်” လို့ ဆိုပါတယ်။
ထိုင်းဘတ်ငွေစျေး မြင့်တက်လာတဲ့အ တွက် မိဘတွေဆီသို့ ပြန်ပို့ငွေများလာတာဟာ အလုပ်သမားတွေအနေနဲ့ ဘတ်စျေးတက်တာ ကို ကျေးဇူးတင်နေကြရတယ်လို့ ဆိုတယ်။
မြဝတီမြို့ကို အလုပ်ရုံကြီးသဖွယ် ယုံ ကြည်မှုလွန်ကဲကာ အလုပ်လုပ်ဖို့ရောက်လာ သူတွေလည်းအများသား။ သောင်းရင်းမြစ် ကမ်းတစ်လျှောက်ရှိ ကာစီနိုရုံကြီးတွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေရှိသလို မြို့တွင်း ဂိမ်းရုံတွေမှာလည်း ဝင်ရောက်လုပ်ကိုင်သူ တွေ ရှိနေပါတယ်။
ငါးဂိမ်းလောင်းကစား ဂိမ်းရုံတွေဟာ အလင်းဖျော့မီးရောင်အောက်က စားသောက် ဆိုင်၊ အရက်ဘီယာရောင်းဝယ်ရေးနဲ့ တွဲဖက် လုပ်ကိုင်လာကြတော့ မိန်းကလေးငယ်အချို့ ဟာ လိုင်းပူးလာကြတယ်လို့ ဆိုပါတယ်။
ယခုလဆန်းပိုင်း ပထမပတ်ကစလို့ လောင်းကစားဂိမ်းရုံနဲ့ မူးယစ်ဆေးဝါးဆက် စပ်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါးဂိမ်း ရုံတွေ ပိတ်သိမ်းရတဲ့အခါ စားသောက်ဆိုင် လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာတယ်လို့ ဆိုပါ တယ်။
တစ်လကုန်လို့ လစာထုတ်ရင် မိဘတွေ ဆီ ဘယ်သူငွေပိုပို့နိုင်မလဲဆိုတာ မသိစိတ်မှာ အမြဲပြိုင်နေကြပါတယ်။ အရင်က ဘာအလုပ် ပဲလုပ်ရလုပ်ရ လုပ်မှာပဲဟု အတွေးရှိသော် လည်း မိန်းကလေးတစ်ယောက်အဖို့ မစွန့်စား သင့်ဘူးလို့ ဆိုပါတယ်။
စားသောက်ဆိုင်တွေ၊ ဘီယာဘားတွေ အပြင် အအေးဆိုင် အမည်ခံဆိုင်တွေပါ မိန်း ကလေးတွေကို မက်လုံးပြ ရောင်းချလာကြ ကြောင်းလည်း သိရပါတယ် ။
မြဝတီမြို့ပေါ်က စားသောက်ဆိုင် အမည်ခံ ဘီယာဆိုင်တစ်ခုမှာ အလုပ်လုပ် ကိုင်နေသူ အမျိုးသမီးငယ်တစ်ဦးက “ညီမ ပြောရမှာ ရှက်လည်းရှက်တယ်။ မျိုးဆက်သစ် ညီမငယ်တွေ သတိထားဆင်ခြင်ဖို့လည်း ပြောချင်တယ်။ ရွာမှာ အမေနဲ့ အဖေက အ သက်ကြီးပြီလေ။ ဝင်ငွေက နေ့တိုင်းမရှိပေမဲ့ စားဖို့နဲ့ ဆေးဖိုးဝါးခကို နေ့တိုင်းထွက်နေ တာပါ။ ဒါနဲ့ အလုပ်လုပ်ဖြစ်ခဲ့တယ်။ ဒီရောက် တော့ မီးရောင်မှိန်မှိန် အလင်းဖျော့ဖျော့ မီး ရောင်အောက်မှာ ဖွင့်လှစ်ထားတဲ့ အအေး ဆိုင်မှာ စားပွဲထိုးလုပ်ရတယ်။ လစာလည်း နည်းတော့ ရိုးရိုးစားပွဲထိုးကနေ နည်းနည်း ဆန်းလိုက်တာ ဝဲထဲကျသွားသလိုပါပဲ။ ပြန် ရုန်းထွက်မရတော့ဘူး။ အလုပ်လာလုပ်မယ့် သူတွေ သူများပြောတိုင်း မယုံဖို့နဲ့။ တကယ် ယုံကြည်ရတဲ့ ဆွေမျိုးမိဘရှိမှသာ မွေးရပ်မြေ ကို စွန့်စေချင်ပါတယ်” လို့ ဆိုပါတယ်။
နယ်စပ်မြဝတီမြို့ကို ရွှေ့ပြောင်းလုပ် သားတွေရဲ့ အလုပ်ရုံကြီးသဖွယ် အားထားမှု လွန်ကဲလာခဲ့ကြရာ အချို့သော အမျိုးသမီး ငယ်တို့မှာ အပြော<ကယ်တဲ့ ပွဲစားတွေရဲ့ စကားကို အယုံလွယ်မိ၍ အရှိုက်ခက်ကာ အပူရောင် ခရောင်းလမ်းမှာ ဘဝအမောများ ကို ရင်စည်းခံ လျှောက်လှမ်းနေကြရသူတွေ ဒုနဲ့ဒေး။
မြဝတီနဲ့ မဲဆောက်ဟာ နယ်စပ်စည်း သောင်းရင်းမြစ်သာခြားနေပေမဲ့ အလုပ်အ ကိုင် အခွင့်အလမ်းချင်း မတူကွဲပြားသလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝရပ်တည်မှု အကျိုးခံစားခွင့်တွေ မတူကွဲပြားလို့ နေပါ တယ်။
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုနဲ့ တစ် ဖက်နိုင်ငံကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း တွေ ရှိလာမယ်ဆိုရင်ဖြင့် နွေးထွေးတဲ့ အမိရင် ခွင်သို့သာ ဦးလှည့်ကြပါစေကြောင်း ...။