အာဆင်နယ်သို့ မပြောင်းခဲ့ခြင်းကို လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှ်ကို ဖြေရှင်း

အာဆင်နယ်သို့ မပြောင်းခဲ့ခြင်းကို လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှ်ကို ဖြေရှင်း
Published 26 July 2024

လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှ်ကိုက အာဆင်နယ်အသင်းသို့ မပြောင်းခဲ့ခြင်းမှာ အတွေ့အကြုံကောင်းများ ဆက်လက်ရရှိလို၍ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

အသက် (၂၁) နှစ်အရွယ်ရှိ ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှ်ကိုသည် အာဆင်နယ်သို့ ရောက်ရှိတော့မည်ဟု သတင်းထွက်ခဲ့သော်လည်း လိုက်ပ်ဇစ်နှင့် ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

ရှက်ရှ်ကိုက ၎င်းအနေဖြင့် အာဆင်နယ်သို့ မပြောင်းရွှေ့ဘဲ လက်ရှိအသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းမှာ အတွေ့အကြုံကောင်းများ ဆက်လက်ရယူရန်အတွက်ဖြစ်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent