ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် လေ​ပြင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၇၀ ကျော်ပျက်ဆီး

ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် လေ​ပြင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၇၀ ကျော်ပျက်ဆီး
■ဓာတ်ပုံ - ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်း
■ဓာတ်ပုံ - ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်း
Published 26 July 2024

ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ဇူလိုင် ၂၆ ရက်က လေပြင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၇၀ ကျော် ပျက်ဆီးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက်၊ နံနက် ၄ နာရီကျော်ခန့်က ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနှင့် ညောင်နီကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"​​လေဆင်နှာမောင်းတိုက်လို့ အမိုးလန်တဲ့ အိမ်က လန်တယ်။ပြိုတဲ့အိမ်က ပြိုတယ်။အချို့အိမ်တွေဆို လုံးဝပျက်ဆီးတာတွေ ရှိပါတယ်။ကနဦးအရ နေအိမ် ၇၀ ကျော် ပျက်ဆီးပါတယ်။ပျက်ဆီးခဲ့တဲ့ နေအိမ်က လူတွေကိုတော့ ဒေသက ဘုရားကြီးကျောင်းမှာ ပြောင်းရွေ့ထားပါတယ်"ဟု ကရုဏာ ကမ်းလက်လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လေဆင်နှာမောင်းတိုက်သည့် ကျေးရွာနှစ်ရွာသို့  ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် အခြား တာဝန်ရှိသူများ လာရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent