သထုံမြို့နယ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကရင်လေးဆိပ်တံတား ပြန်လည်ပြုပြင်မှု ရာခိုင်နှုန်း ၇၀ ကျော် ပြီးစီး

သထုံမြို့နယ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ကရင်လေးဆိပ်တံတား ပြန်လည်ပြုပြင်မှု ရာခိုင်နှုန်း ၇၀ ကျော် ပြီးစီး
Published 21 July 2024

မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့် ကရင်လေးဆိပ်တံတားအား ပြန်လည်ပြုပြင် ရာ၌ ရာခိုင်နှုန်း ၇၀ ကျော် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် ည ၁၀ နာရီခွဲ ဝန်းကျင်က သထုံမြို့နယ် မိုးကောင်းကျေးရွာ အုပ်စု ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်- မော် လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၆) နှင့်  (၁၃၄/၇) ကြားရှိ  ကရင်လေးဆိပ်တံတား မှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကာ တံ တားအရှည် ၁၀ ပေ၊ အကျယ် ၅၄ ပေခန့်ရှိ တံတားငယ်တစ်စင်းလုံးမှာ ပြိုကျပျက်စီးခဲ့ပြီး နှစ်ဖက်မော်တော်ယာဉ် ရာနှင့်ချီကာ ပိတ်ဆို့ မှုဖြစ်ပွားခဲ့သည်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ ရသည့် ကရင်လေးဆိပ်တံတားအား ဇူလိုင် ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ သထုံခရိုင်လမ်းဦး စီးဌာနနှင့် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီတို့ကပြန်လည်ပြင်ဆင်မှုဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် လမ်းတစ်ခြမ်းအား မြေဖို့ကာ ယာယီပြုပြင်နိုင်ခဲ့ပြီးနောက် မော် တော်ယာဉ်မှာ အလှည့်ကျစနစ်ဖြင့် ပြန်လည် ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သထုံခရိုင် လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “တံတားအောက် ခြေမှာ ကွန်ကရစ်ရေ>ပန်တွေချတယ်။ ပြီးတော့  အပေါ်ကနေ ကျောက်၊ မြေကြီးချတယ်။ ပြီး တော့မှ အပေါ်ကနေ ကတ္တရာပြန်လောင်း တာ။ တံတားကသေးတော့ ပြုပြင်ရတာ သိပ် အခက်အခဲတော့မရှိဘူး။ လောလောဆယ် ၇၀ ရာခိုင်နှုန်းကျော် ပြင်ဆင်ပြီးနေပြီလို့ သိရ ပါတယ်”ဟု ပြောကြားသည်။

ယင်းကရင်လေးဆိပ်တံတားအား ပြည် နယ်ဆောက်လုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှု ဖြင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက တာဝန်ယူ ပြုပြင်နေခြင်းဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက် ညပိုင်းကလည်း သထုံမြို့နယ် မိုးကောင်းကျေး ရွာအုပ်စု မိုးကောင်းကျေးရွာ ရန်ကုန်-မော် လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/၇) နှင့် (၁၃၆/၀) ကြား မိုးကောင်းဘုရားအနီးရှိ တာရေပြွန်ကို မြေသားဖို့ကာ ကတ္တရာခင်း ထားသည့်နေရာမှာလည်း  မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းထောင်ဖောက်ခွဲခံခဲ့ရသော်လည်း အဆိုပါ တာရေပြွန်ပေါက်အား မြေသားများ ပိတ်ထားသည့်အတွက် ထိခိုက်ပျက်စီးဆုံးရှုံး မှုမရှိကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် နံ နက် ၄ နာရီခွဲခန့်ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားအား KNU တပ်မဟာ (၁)၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ က ပထမအကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ် ခြမ်းပြိုကျပျက်စီးခဲ့ကြောင်း၊ တံတားကျိုးချိန် တွင် အိမ်စီးကား သုံးစီးပျက်စီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျခဲ့ပြီး အမျိုးသားတစ် ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ယခုနှစ် မေ ၁၁ ရက် နံနက်အ စောပိုင်းက ကျုံအိတ်တံတားမှာ ဒုတိယအ ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယ ခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတား တစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့် အခြမ်းပါ ပြိုကျပျက်စီးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် မေ ၂၃ ရက် နံနက်အ စောပိုင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေး ကျေးရွာအထွက် ရန်ကုန်-မော်လမြိုင်ကား လမ်းမပေါ်ရှိ တံတားအရှည် ၁၀၆ ပေ၊ အ ကျယ် ၂၄ ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် မစောတံ တား၏ သုံးပုံနှစ်ပုံမှာ  ချောင်းအတွင်းကျိုးကျ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မစောတံတား မိုင်းခွဲဖျက်ဆီးခံရမှု ကြောင့် ချောင်းအတွင်း ဆိုင်ကယ်သုံးစီး ပြုတ် ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားတစ် ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်း များထံမှ သိရသည်။

Most Read

Most Recent