ရေတာရှည်မြို့နယ် ဒေါင့်အင်းကုန်းကျေးရွာတွင် PDF များ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးတစ်ဦး သေဆုံး

ရေတာရှည်မြို့နယ် ဒေါင့်အင်းကုန်းကျေးရွာတွင် PDF များ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရာအိမ်မှူးတစ်ဦး သေဆုံး
Published 21 July 2024

ရေတာရှည်မြို့နယ် ဒေါင့်အင်းကုန်းကျေး ရွာတွင် ရာအိမ်မှူးတစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဒေါင့်အင်း ကုန်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးရဲလင်း အောင် (၃၆ နှစ်) သည် ၎င်းင်း၏နေအိမ်၌ရှိ နေစဉ် PDF ကိုးဦးက ဆိုင်ကယ်ငါး စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားသဖြင့် ဦးရဲလင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့ သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent