တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က အပစ်အခတ် ရပ်စဲရေးကို ဇူလိုင် ၃၁ ရက် အထိ သက်တမ်းတိုးကြောင်း ထုတ်ပြန်လာ

တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က အပစ်အခတ် ရပ်စဲရေးကို ဇူလိုင် ၃၁ ရက် အထိ သက်တမ်းတိုးကြောင်း ထုတ်ပြန်လာ
Published 20 July 2024

တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က အပစ်အခတ်ရပ်စဲရေးကို ဇူလိုင် ၃၁ ရက်အထိ သက်တမ်းတိုးကြောင်း ထုတ်ပြန်လာသည်။

တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေး တောင်းဆိုချက် ကို တက်ကြွစွာ တုံ့ပြန်ရန်အတွက် စစ်ရေးကော်မရှင်သည် ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်နေ့အထိ လက်ရှိရောက်ရှိနေရာများတွင် ဆက်လက်ခံစစ်ဆင်ရန်နှင့် မိမိဘက်မှစတင်ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန် နှင့် လေကြောင်းရန် ကာကွယ်ရေး အစီအမံများကိုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုးစစ်ဆင်မှုရပ်တန့်သည့် ကာလတွင် စစ်ဘေးဒုက္ခသည်များ ကယ်ဆယ် ရေး လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေးကာလအတွင်း တပ်မတော်၏ တိုက်ခိုက်ခြင်းခံရပါက သက်ဆိုင်ရာ တပ်ဖွဲ့များသည် အကန့်အသတ်ဖြင့် မိမိကိုယ်ကိုယ်ခုခံကာကွယ်သည့် တန်ပြန် တိုက်ခိုက်မှုများကို သင့်လျော်သလို လုပ်ဆောင်နိုင်ကြောင်း MNDAA အဖွဲ့က ထုတ်ပြန်သည်။

လောက်ကိုင်တွင် ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီခန့် တွင် တပ်မတော်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်းအားဖြင့် ဟုဆိုကာ MNDAA က လေးရက်တာ အပစ်ရပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။

MNDAA အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်း အားဖြင့် MNDAA ၏ ထိုးစစ်ကို ဇူလိုင် ၁၄ ရက် ည ၁၂ နာရီမှ ဇူလိုင် ၁၈ ရက် ည ၁၂ နာအထိ ယာယီ ရပ်နားကြောင်း ကနဦးတွင်ထုတ်ပြန်ခဲ့ပြီး ယခုထပ်မံ၍ အပစ်အခတ်ရပ်စဲရေးကာလအား သက်တမ်းတိုးကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

လေးရက်တာ အပစ်အခတ်ရပ်စဲမှုတွင် MNDAA အပြင် TNLA အဖွဲ့လည်းပါဝင်ခဲ့သော်လည်း ယခုအပစ်အခတ် ရပ်စဲမှု သက်တမ်းတိုးရာတွင် TNLA အဖွဲ့ပါဝင်ခြင်းရှိ မရှိ မသိရှိရသေးပေ။

မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေး အမည်ပေးထားသည့် စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီးငယ်များ ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ရှမ်းမြောက် တိုက် ပွဲများအား နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအပစ်အခတ် ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၎င်းတို့၏ကြားဝင်ဆောင် ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီ လအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဇွန်လ ကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်း ပြန်စသည် ဆိုကာ MNDAA အဖွဲ့က လားရှိုးမြို့ အနီးတဝိုက်တွင် လည်းကောင်း TNLA အဖွဲ့က မိုးကုတ် ၊ နောင်ချို ၊ သီပေါ တစ်ဝိုက်တွင် လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ - စဥ့်ကူးတွင် လည်းကောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်နှင့် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ယခု အပစ်ရပ်စဲခဲ့သည့် MNDAA အဖွဲ့သည် လားရှိုးမြို့ အနီးတဝိုက်တွင် ဇူလိုင် ၃ ရက်မှ စတင်ကာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လက်ရှိအချိန်တွင် MNDAA အဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့များက လားရှိုးမြို့ထဲသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်မှုကြောင့် ပြည်သူအများအပြား သေဆုံး ဒဏ်ရာရရှိမှုများ ရှိနေပြီး အိုးအိမ်များစွာလည်း ထိခိုက် ပျက်စီးမှုများ ရှိနေသည်။

ထို့ပြင် တိုက်ပွဲများကြောင့် ခန့်မှန်း မြို့ခံ ထက်ဝက်ကျော်ခန့် မှာ ကားအစီးရေ ထောင်နှင့်ချီကာ မြို့ကို စွန့်ခွါ၍ စစ်ဘေးရှောင်နေရသည်။

လားရှိုးမြို့အနီးတဝိုက်တွင် MNDAA ပူးပေါင်း အဖွဲ့က လာရောက် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကြောင့် လားရှိုးဒေသခံများ ထိခိုက်နစ်နာမှုများ ရှိနေသလို ၊ TNLA အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြင့် ကျောက်မဲ၊ နောင်ချို မြို့များသို့ တိုက်ခိုက်မှုများကြောင့် ဒေသခံ အများအပြား သေဆုံးကာ လူဦးရေ ထောင်ချီ အိုးအိမ် စွန့်ခွါထွက်ပြေးနေရကြောင်း သိရသည်။

MNDAA အဖွဲ့အနေဖြင့် ၁၀၂၇ ပထမ အကြိမ် စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ကို သိမ်းယူပြီးနောက်လောက် ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်း ကုန်း) ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ် ဆူအားMNDAA အဖွဲ့ဝင်တစ်ဦးက တူဖြင့် ထုရိုက်ဖြိုဖျက်နေမှုပြုလုပ်ကာ ထိုသို့ပြုလုပ် နေပုံကိုလည်း အများမြင်စေရန် လူမှုကွန် ရက်တွင် ဖြန့်ချိခဲ့သည်။

ထို့ပြင် လောက်ကိုင်မြို့တွင် မြန်မာနိုင် ငံဒေသအသီးသီးမှ လာရောက်လုပ်ကိုင်သူ များနေထိုင်သည့် ဗမာတန်းအလယ်လမ်း ရှိအဆောက်အအုံများကို မြို့စည်ပင်သာယာ ရေးအြေ ကာင်းပြချက်ဖြင့်MNDAA အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လအတွင်းက ဖြိုဖျက်ခဲ့သည် အဆိုပါဗမာတန်းဟုခေါ်သည့် ပေါင် ဖုန်းလမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်းအနည်းငယ်သာပါဝင်သော်လည်း ဗမာပစ္စည်းများကို အဓိကရောင်းချခြင်းသည့် နေရာလည်းဖြစ်သည်။

MNDAA အဖွဲ့အနေဖြင့် လောက်ကိုင် မြို့သို့ ဗမာလူမျိုးများဝင်ရောက်မှုကို တင်း ကျပ်ထားသည့်အပြင် ချင်းရွှေဟော်၊ သိန္ဒီ၊ ကွတ်ခိုင်၊ ကွမ်းလုံဒေသများတွင်လည်း ဗမာ လူမျိုးကားဆရာများကို သွားလာမှုကိုတင်း ကျပ်ထားသည်။

Most Read

Most Recent