■ ဂိုးသမား ကယ်ပါကို ရီးယဲလ်ထံရောင်းချရန် ချယ်လ်ဆီးအသင်း စီစဉ်နေ

■ ဂိုးသမား ကယ်ပါကို ရီးယဲလ်ထံရောင်းချရန် ချယ်လ်ဆီးအသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 19 July 2024

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းထံ အငှားချခဲ့သည့် စပိန်ဂိုးသမား ကယ်ပါကို အပြီးသတ်ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ 

ကယ်ပါ(၂၉ နှစ်)ကို ခေါ်ယူရန် လက်ရှိအချိန်၌ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက စိတ်ဝင်စားနေပြီး ၎င်းတို့၏ ကမ်းလှမ်းမှုတစ်ကြိမ်ကို ချယ်လ်ဆီးအသင်းက ငြင်းပယ်ခဲ့ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ရီးယဲလ်အသင်းမှ ထွက်ခွာရန် စီစဉ်နေသည့် ဂိုးသမား လူနင်ကို ခေါ်ယူရန် ဆန္ဒရှိနေသည့်အတွက် ကယ်ပါနှင့် အလဲအထပ်လုပ်၍ ရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ကယ်ပါသည် ၂၀၁၈ ခုနှစ်တွင် ဘီလ်ဘာအိုအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ပေါင် (၇၁.၆) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး လက်ရှိဘောလုံးလောကတွင် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားသူဖြစ်သည်။

Most Read

Most Recent