ဘယ်လင်ဂမ် လမ်းမှားနေပြီဖြစ်ပြီး စိတ်နေစိတ်ထားကို ပြောင်းလဲရန်လိုအပ်ကြောင်း ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်း သတိပေး

ဘယ်လင်ဂမ် လမ်းမှားနေပြီဖြစ်ပြီး စိတ်နေစိတ်ထားကို ပြောင်းလဲရန်လိုအပ်ကြောင်း ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်း သတိပေး
Photo: Reuters
Photo: Reuters
Published 18 July 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နှင့် ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်းက ရီးယဲလ်နှင့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်သည် လမ်းမှားအပေါ် လျှောက်နေပြီး ၎င်း၏စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ဘယ်လင်ဂမ်သည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ခြေစွမ်းတသတ်မတ်တည်းမရှိသဖြင့် ဝေဖန်ခံရသည့် အင်္ဂလန်ကစားသမားများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

ယခုအခါ ဟာမန်းက ''ဘယ်လင်ဂမ် လမ်းမှားနေပြီလို့ ကျွန်တော် ထင်တယ်။ သူ ပြောခဲ့တဲ့ စကားတွေ၊ ယူရိုပြိုင်ပွဲမှာ ဒိုင်တွေအပေါ် ဝေဖန်ခဲ့တာတွေက အတော်ဆိုးပါတယ်။ သူ ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေထဲမှာ ကျွန်တော် မကြိုက်တာတွေ အများကြီးပါ။ သူ့အပြုအမူကိုလည်း မကြိုက်ပါဘူး။ ဆလိုဗေးနီးယားပွဲမှာ ကိုစတစ်ကို ရန်တွေ့ခဲ့တာမျိုးက မဖြစ်သင့်ပါဘူး။ ဘယ်လင်ဂမ်က သူ့ကိုယ်သူ အကောင်းဆုံး ထင်နေတယ်။ အင်္ဂလန်မှာ သူ့ထက်ကောင်းတဲ့လူတွေ အများကြီးပါ။ သူ ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ကစားသမား ဖြစ်လာမှာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent