■ ပခုက္ကူမြို့နယ် အောင်သာကျေးရွာအတွင်းသို့ PDF များက လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်မှုကြောင့် မူလတန်းကျောင်းအုပ်ကြီး အပါအဝင် သုံးဦး သေဆုံးပြီး ဆရာမတစ်ဦး ဒဏ်ရာရရှိ

■ ပခုက္ကူမြို့နယ် အောင်သာကျေးရွာအတွင်းသို့ PDF များက လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်မှုကြောင့် မူလတန်းကျောင်းအုပ်ကြီး အပါအဝင် သုံးဦး သေဆုံးပြီး ဆရာမတစ်ဦး ဒဏ်ရာရရှိ
Published 17 July 2024

ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာအတွင်းသို့ PDF များက လနက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်မှုကြောင့် မူလတန်းကျောင်းအုပ်ကြီး အပါအဝင် သုံးဦး သေဆုံးပြီး ဆရာမတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင် ၁၇ ရက်က PDF အဖွဲ့များသည်  ၅ နာရီ ၂၀ မိနစ်မှ ၆ နာရီ ၂၀ မိနစ်အထိ ပခုက္ကူမြို့ အနောက်တောင်ဘက် မီတာ ၁၇၀၀၀ ခန့် အကွာတွင်ရှိသော အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ် ဆရာမကြီး တစ်ဦးအပါအဝင် အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့ပြီး ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

 

ထို့ပြင် PDF အဖွဲ့များသည် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာမ တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။  

Most Read

Most Recent