ဘင်္ဂါလီများကို နေရပ်ပြန်ပို့ရေးကိစ္စအပေါ်  မြန်မာနိုင်ငံက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့ကြောင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဘင်္ဂါလီများကို နေရပ်ပြန်ပို့ရေးကိစ္စအပေါ်  မြန်မာနိုင်ငံက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့ကြောင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 13 July 2024

ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကို စတင်လုပ်ဆောင်မှုအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟက်ဆန် မာမွတ်က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ပြုလုပ်သည့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟက်ဆန်နှင့် သီးသန့် တွေ့ဆုံသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ ခြားရေးဝန်ကြီးက အပြုသဘောဆောင်သည့် ချဉ်းကပ်မှုကို ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်း ရှောင်ပြီး ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေထိုင်နေ သည့် ဘင်္ဂလီများကို ပြန်လည်ခေါ်ဆောင် ရန်ဆန္ဒရှိကြောင်းကို မြန်မာနိုင်ငံက ယခင်က တည်းက ပြောကြားခဲ့ကြောင်းနှင့် ယခင်ပြု လုပ်ခဲ့သည့် ဆွေးနွေးမှုများအကြောင်းကို ဟက်ဆန်က ထပ်မံပြောကြားခဲ့သည်။

သို့သော်လည်း ထိုအစီအစဉ်နှင့်ပတ် သက်ပြီး အကောင်အထည်ဖော်မည်အချိန် ကို မသတ်မှတ်ရသေးကြောင်း ဟက်ဆန်က ပြောသည်။

ဘင်္ဂလီများကို နေရပ်ပြန်ပို့ရေးလုပ်ငန်း စဉ်ကို မြန်မာနိုင်ငံဘက်မှ ၎င်း၏ ကတိက ဝတ်များအတိုင်း စတင်လုပ်ဆောင်ချိန်မှသာ ထိုကိစ္စအကောင်အထည်ပေါ်လာနိုင်သည် ဟုလည်း ဟက်ဆန်က ပြောကြားခဲ့သည်။

ထိုကိစ္စအပေါ် မြန်မာနိုင်ငံခြားရေး ဝန် ကြီးက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့ ကြောင်းနှင့် အစိုးရနှင့်တိုင်ပင်ပြီး ဘင်္ဂါလီများ ကိုနေရပ်ပြန်လည်ပို့ဆောင်ရေးကို အမြန်ဆုံး စတင်လိုသည့် မြန်မာနိုင်ငံ၏ ရည်ရွယ်ချက် ကို ထပ်လောင်းပြောကြားခဲ့သည်ဟု ဟက် ဆန်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်၏ ကော့ဘဇားမြို့နှင့် ဘာဆန်ချား ကျွန်းပေါ်တွင် ဘင်္ဂါလီ ၁ ဒသမ ၃ သန်းခန့် နေထိုင်လျက်ရှိသည်။

                   Ref: The Daily Star

Most Read

Most Recent