အမရပူရမြို့နယ် ယက္ကန်းတော်ကျေးရွာအနီးရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် လုပ်ငန်းခွင်တာရိုးကျိုးပေါက်မှုဖြစ်ပွားပြီး အလုပ်သမားခုနစ်ဦး ပျောက်ဆုံးနေ

အမရပူရမြို့နယ် ယက္ကန်းတော်ကျေးရွာအနီးရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် လုပ်ငန်းခွင်တာရိုးကျိုးပေါက်မှုဖြစ်ပွားပြီး အလုပ်သမားခုနစ်ဦး ပျောက်ဆုံးနေ
Published 14 July 2024

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ နယ် ယက္ကန်းတော်ကျေးရွာအနီး ဧရာဝတီမြစ်နံဘေးတွင် တည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တာရိုးကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်ကာ အလုပ်သမား ခုနစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် နံနက် ၈နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး အမ ရပူမြို့နယ် ငယ်တိုးကျေးရွာအုပ်စု ယမ်းပျံ ကျေးရွာထိပ် ဧရာဝတီမြစ်အတွင်း (အမရပူရ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ) တွင် ရေဆိုးထုတ်ပြွန်အား တည်ဆောက်ရေးလုပ် ငန်းဆောင်ရွက်နေစဉ် သဲဖြင့်ကာရံထားသော တုတ်မှ ရေများဝင်ရောက်လာပြီး လုပ်ငန်း ဆောင်ရွက်နေသူ အလုပ်သမား အမျိုးသား ၁၀ ဦးအနက် ခုနစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ မီးသတ်ယာဉ် သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေပြင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယက္ကန်းတော်ကျေးရွာအနီး ဧရာဝတီမြစ်ဘေးတစ်လျှောက်တွင်  သဲမြေ ဖို့၍   ဆောက်လုပ်လျက်ရှိသည့် အမရပူရမြို့ ပြဖွံ့ဖြိုးရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်သော လုပ်ငန်းခွင်အတွင်း တာရိုးကျိုး ပေါက်ကာ ရုတ်တရက် မြစ်ရေများ ဝင်ရောက် ခဲ့သော်လည်း ယင်းနှင့်စပ်ဆက်နေသော လူ နေရပ်ကွက်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အမရပူရမြို့နယ် ရှမ်းလေးကျွန်းဧရိယာ ဝန်းကျင် မြေဧက ၂၀၀၀ ပေါ်တွင် ကနဦး မတည်ငွေ ကျပ်ဘီလျံ ၅၀၀ ရင်းနှီးမြုပ်နှံ အ ကောင်အထည်ဖော်လျက်ရှိသည့် အဆိုပါ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှာ စီးပွား ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိ တွင် MBCCD (Mandalay Business Capi- tal City Development ) 

ကုမ္ပဏီမှာ အမရပူရဖြို့ပြဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သော လီမိတက် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း သိရသည်။

အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်းခုနစ်ပိုင်း ပါဝင်ကာ စီမံကိန်းကာလ ၁၀ နှစ်ကြာမြင့်မည်ဖြစ်ကြောင်း  ၂၀၁၆ ခုနှစ် က ချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက် များအရ သိရသည်။

“အမရပူရမြို့သစ်စီမံကိန်းဟာ မြေယာ အမြောက်အမြား တစ်စပ်တည်းရနိုင်ဖို့  ကြိုး စား‌နေတယ်။ ရှိသင့်ဖြစ်သင့်တဲ့ မြို့ရေဆင်း ချောင်းမြောင်းဧရိယာတွေကို လျစ်လျူရှုတယ်။  ဒါတွေဟာ မြို့အနာဂတ်အတွက် အလွန်အ မင်းစိုးရိမ်စရာဖြစ်ပါတယ်။ ရေလွှမ်းနယ်အများအပြားပိတ်ဆို့လိုက်တဲ့အတွက် တံတား ကြီးနှစ်စင်းနဲ့အတူ စီမံကိန်းဧရိယာအောက် ဘက်ရပ်ရွာများအတွက် ‌မြစ်ရေလာတိုင်း သောကပွေစရာ ဖြစ်လာနိုင်ပါတယ်” ဟု ဒေ သခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent