■ ထိုင်းအစိုးရက ရက်ပေါင်း ၆၀ ဗီဇာ မလိုဘဲ နေထိုင်နိုင်သည့် ပြည်ပနိုင်ငံများ စာရင်း ထပ်မံ ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံ မပါဝင်သေးကြောင်း သိရ

■ ထိုင်းအစိုးရက ရက်ပေါင်း ၆၀ ဗီဇာ မလိုဘဲ နေထိုင်နိုင်သည့် ပြည်ပနိုင်ငံများ စာရင်း ထပ်မံ ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံ မပါဝင်သေးကြောင်း သိရ
Published 16 July 2024

ထိုင်းအစိုးရက ရက်ပေါင်း ၆၀ ဗီဇာမလို ဘဲ နေထိုင်နိုင်သည့် ပြည်ပနိုင်ငံများစာရင်း ထပ်မံထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံ မပါဝင် သေးကြောင်း ထိုင်းဘန်ကောက်ပို့စ်တွင် သတင်းဖော်ပြချက်အရ သိရသည်။

ထိုင်းဝန်ကြီးချုပ်က လက်မှတ်ရေးထိုး မည်ဆိုသည့် နိုင်ငံများတွင် ထပ်တိုးနိုင်ငံများ အဖြစ် ၃၆ နိုင်ငံကို ထပ်မံထည့်သွင်းထားပြီး ယင်းနိုင်ငံများမှာ သီရိလင်္ကာ၊ လာအို၊ တွန်ဂို၊ ဥရုဂွေး၊ ပနားမား၊ မော်ရိုကို၊ အီကွေဒေါ၊ ဂျ မေကာ အစရှိသည့်နိုင်ငံများလည်း ပါဝင်လာ သည်ကိုတွေ့ရကာ ယင်းနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းမရှိသေးသည်ကို တွေ့ရသည်။

ယင်းအစီအစဉ်အရ စာရင်းတွင်ပါဝင် သည့် နိုင်ငံသားများမှာ ထိုင်းနိုင်ငံတွင် ရက် ပေါင်း ၆၀ ဗီဇာမလိုဘဲ နေထိုင်နိုင်မည်ဖြစ် ပြီး အစီအစဉ်ကို ပြဿနာတစ်စုံတစ်ရာမရှိ ဘဲ အကောင်အထည်ဖော်နိုင်မည်ဟု မျှော် လင့်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြား ခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်၏အစီအစဉ်ကို ပြည် ထဲရေးဝန်ကြီးဌာနက ထောက်ခံခဲ့ပြီး ဗီဇာ ကင်းလွတ်ခွင့်အစီအစဉ်ကို တိုးချဲ့ရန် အဆို ပြုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

“လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ လုံခြုံ ရေး အာဏာပိုင်တွေက ထိရောက်တဲ့ အစီ အမံတွေချမှတ်ပြီး ကောင်းကောင်းအကောင် အထည်ဖော်ပါတယ်။ ဒီဆောင်ရွက်မှုတွေက ရေရှည်မှာ ကောင်းမွန်မယ်လို့ ယုံကြည်ပါ တယ်”  ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြား သည်။

 

Most Read

Most Recent