ရေအတွက် တိုက်ပွဲဝင်နေရသည့် တူနီးရှားကျေးရွာ

ရေအတွက် တိုက်ပွဲဝင်နေရသည့် တူနီးရှားကျေးရွာ
Published 14 July 2024

တူနီးရှားနိုင်ငံအလယ်ပိုင်းရှိ ဗလီတစ်ခုရှေ့တွင် အမျိုးသမီးများသည် ၎င်းတို့ကျေးရွာ၏ နောက်ဆုံး ရေအရင်းအမြစ်များမှတစ်ခုတွင် တန်းစီစောင့်ဆိုင်းနေကြပြီး ကောက်ပဲသီးနှံ ရေသွင်းခြင်းအတွက် အသုံး ပြုသည့်ရေပိုက်သည် လက်ရှိတွင် ရေရှားပါးသည့် ယင်းဒေသအတွက် အသက်သွေးကြောတစ်ရပ်ဖြစ်နေ သည်။

“ကျွန်မတို့ သောက်စရာတစ်ခုခု လိုအပ်နေပါတယ်ဟု အသက်၅၆ နှစ်အရွယ် ရစ်ဘ်ဆာကတ်က အလွန် ပူပြင်းသည့် နေရောင်အောက်တွင် ပြောကြားခဲ့သည်။

၎င်း၏အိမ်နီးချင်း အယ်ဂျီးရီးယားနှင့် မြေထဲပင်လယ်ဒေသ၏ ကြီးမားသောနေရာများကဲ့သို့ တူနီးရှားသည် စိုးရိမ်ဖွယ်မိုးခေါင်မှု အခြေအနေများကို ကြုံတွေ့ခံစားနေရသည်ဟု ဥရောပမိုးခေါင်မှု သုံးသပ်လေ့လာရေး အဖွဲ့ကဆိုသည်။

သို့သော်မိုးခေါင်မှုနှင့် အပူချိန်မြင့်တက်မှုသည် ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသော်လည်း ဆင်းရဲချို့တဲ့မှုနှုန်း ပိုမိုမြင့်မားသည့် ကျေးလက်ဒေသများတွင် အကျိုးသက်ရောက်မှုကို နှစ်ဆပိုမိုခံစားရသည်။

တူနီးရှား၏ အမျိုးသားရေပိုက်လိုင်းသည် နိုင်ငံ၏မြို့ပြနေရာများ အားလုံးနီးပါးကို ထောက်ပံ့ဖြန့်ချိ ထားသော်လည်း ကျေးလက်လူထု၏ ထက်ဝက်မျှသာ ဖြန့်ချိထားနိုင်သည်။အခြားထက်ဝက်သည် စိုက် ပျိုးရေးဝန်ကြီးဌာနအောက်၌ တရားဝင် အလုပ်လုပ်ကိုင်နေသော ဒေသခံစိုက်ပျိုးရေးအဖွဲ့အစည်းများက တည်ဆောက်ပေးထားသည့် ရေတွင်းများကို ကျယ်ကျယ်ပြန့်ပြန့်မှီခို အားထားနေရသည်။

“ကျွန်တော်တို့တွေ လုံလောက်မှုမရှိပါဘူး”ဟု မိသားစု ၂၅၀ ဝန်းကျင်ရှိသော်လည်း အသုံးပြုနိုင်သော ရေတွင်းတစ်တွင်းသာရှိသည့် ကျေးရွာတွင် နေထိုင်သူဆာကတ်က ဆိုသည်။

သို့သော် စိုက်ပျိုးရေးအဖွဲ့များအကြား ကြုံတွေ့နေကြ ပြဿနာတစ်ရပ်ဖြစ်သည့် မီတာခပေးဆောင် ခြင်းမရှိသောကြောင့် ၂၀၁၈ ခုနှစ်တွင် အဖွဲ့အစည်းများကို ပိတ်ခဲ့ရသည့်အတွက် ရွာသားများသည် ဆီ ခါဒေသရှိ ၎င်းတို့၏ကျေးလက်ဒေသအတွက် ရေထုတ်ယူရန် ရေစုပ်စက်များ မရှိကြပေ။

ယင်းအချိန်ကတည်းက ရွာသားများသည် ရရှိရန်အတွက် ဒေသခံလယ်သမားများ မူလက တူးထား သည့်ရေတွင်းများမှ ရေကိုမှီခိုအားထားနေရသည်ဟု မိသားစုများက ဆိုသည်။

ယင်းရေတွင်းများသည် သင့်လျော်သော တည်ဆောက်မှုနှင့်စမ်းသပ်မှုမရှိခြင်းကြောင့် တစ်ခါတစ်ရံတွင်  ညစ်ညမ်းနေတတ်ပြီးလူသားများ သောက်သုံးရန် မသင့်လျော်သောကြောင့် ပြည်နယ်အာဏာပိုင်များက အသိအမှတ်ပြုထားသည့် ရေတွင်းတစ်တွင်းမျှမရှိပေ။

အသက် ၅၇ နှစ်အရွယ်အလီ ခမ်မွန်အမည်ရှိ အမျိုးသားကသူသည် ရေတွင်ပေါက်ဖွားသည့်ရော ဂါပိုးများကြောင့် ခွဲစိတ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရသည်ဟု ပြောပြခဲ့သည်။

“ကျွန်မတို့ရွာသားတွေရဲ့ တစ်ဝက်လောက်က ကျောက်ကပ် ပြဿနာရှိကြပါတယ်”ဟု ၎င်း၏အိမ်နီး ချင်းဘန်အာဖာက ပြောကြားခဲ့ကာ “ရေကညစ်ညမ်းနေပေမယ့် ကျွန်မတို့ ဒါကို သောက်ရမှာပဲလေ”ဟုဆို သည်။လိုင်လာနှင့် အခြားအမျိုးသမီးများသည် ငါးဂါလံဆံ့ရေပုံများကို ကျောပိုးကာ ရေသယ်ဆောင်လေ့ရှိ သည်ဟု ဆိုသည်။

ခြောက်နှစ်မြောက် မိုးခေါင်မှု ကြုံတွေ့နေသည့် တူနီးရှားနိုင်ငံသည် ကမ္ဘာ့ ၃၃ နိုင်ငံမြောက်ရေအ ရှားပါးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်ဟု ကမ္ဘာ့အရင်းအမြစ်များဌာနက ဆိုသည်။

တူနီးရှားနိုင်ငံသား ၆၅၀,၀၀၀ ကျော် အထူးသဖြင့် ကျေးလက်ဒေသများတွင် နေထိုင်သူများသည် နေအိမ်တွင် ရေဘုံပိုင်မရှိဘဲ ၎င်းတို့ထဲမှထက်ဝက်ခန့်သည် အများပြည်သူ ရေအရင်းအမြစ်နေရာများနှင့် အ လှမ်းဝေးကွာသည့် နေရာများတွင် နေထိုင်ကြသည်ဟု ၂၀၂၃ ခုနှစ် ကုလသမဂ္ဂစစ်တမ်းတွင် ဖော်ပြထား သည်။

တူနီးရှားနိုင်ငံသုံး ငွေတစ်ဒီးနား၏ ထက်ဝက်(၁၆ ပြား)ဝန်းကျင်ပေးရသည့် ရေသန့်ဘူးသည် နိုင်ငံ၏ ဆင်းရဲချို့တဲ့သည့်နေရာများရှိ မိသားစုဝင်များအတွက် ဇိမ်ခံပစ္စည်းတစ်ခုအနေဖြင့်သာ ရှိနေသည်။

“ကျွန်တော်တို့တွေ အဖြေရှာဖို့ လိုအပ်နေပါတယ်”ဟုအသက်၂၆ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ် သည့် ဂျာအိုဟာကမ်မွန်က ဆိုသည်။

Ref:AFP

Most Read

Most Recent