အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ တက်ရောက်ဆွေးနွေး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ တက်ရောက်ဆွေးနွေး
Published 13 July 2024

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ဇူလိုင် ၁၁ ရက်က အိန္ဒိယ နိုင်ငံ နယူး ဒေလီမြို့တွင်ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်အစည်းအဝေးသို့ တက်ရောက်ဆွေး နွေးခဲ့ကြောင်းသိရသည်။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီး များ၏ သီးသန့်အစည်းအဝေးသို့ ဘင်းမ်စ တက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဒေါက်တာမိုဟာမတ်ဟာ ဆန်မာမွတ်၊ ဘူတန်နိုင်ငံခြားရေးနှင့်ပြည် ပကုန်သွယ်ရေးဝန်ကြီး မစ္စတာဒီအန်ဒွန်ဂဲလ်၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ နီပေါနိုင်ငံခြားရေးအ တွင်းဝန် မစ္စစီဝါလမ်ဆယ်လ်၊ သီရိလင်္ကာ နိုင်ငံခြားရေး ဒုတိယဝန်ကြီးမစ္စတာသာရက ဘာလာဆူရီရာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာမာရစ် ဆတ်ငီယမ်ဖုန်နှင့်ဘင်းမ်စတက်အတွင်းရေးမှူးချုပ် သံအမတ်ကြီးအင်ဒရာ မာနီပန်ဒေးတို့ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဘင်းမ်စတက် နိုင်ငံခြားရေးဝန် ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့်ကမ္ဘာ့ရေးရာကိစ္စ ရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်း ဆက်နွယ် ချိတ်ဆက်မှုပိုမိုမြှင့်တင်သွားရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ်အပါအဝင် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့တွင် ပူးပေါင်း ဆောင်ရွက်ရေးအပေါ် ထည့်သွင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။

အလားတူအစည်းအဝေး၌ စွမ်းအင် နှင့်စားနပ်ရိက္ခာဖူလုံရေးတို့၏အရေးကြီး မှု အပေါ် အလေးပေးပြောကြားခဲ့ပြီး ဘင်းမ် စတက် အနာဂတ်ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး များကျင်းပရေးတို့အပေါ် ထည့်သွင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အ စည်းအဝေးအတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီဖော် ဆောင်ရေးအ တွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင် ရွက်နေ မှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ် ပေါ်တိုးတက်မှုအခြေအနေများကို ဘင်းမ် စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အ ဖွဲ့ခေါင်းဆောင်များကို ရှင်းလင်းပြောကြား ခဲ့ပြီးတရားမဝင်မူးယစ်ဆေးဝါးနှင့် လက် နက် ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှု များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက် ရေးတို့တွင် အတူတကွပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်သွားရေးအပေါ် တိုက်တွန်း ပြောကြားသည်။

ထို့နောက်အိမ်ရှင်အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဒေါက်တာအက်စ်ဂျိုင်ရှန်ကာက ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန် ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက် ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiatives for Multi-Sectoral Technical and Economic Cooperation- BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီးဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်း စသည့်အဖွဲ့ဝင်ခုနစ်နိုင်ငံပါဝင်ကာ

ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်း ထား ခြင်းဖြစ်ပြီး ဘင်းမ်စတက်၏ လက်ရှိပူးပေါင်း ဆောင်ရွက်မှုကဏ္ဍခုနစ်ခုရှိသည့်အနက် မြန်မာနိုင်ငံသည် ဘင်းမ်စတက် လယ်ယာ  စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိ သည်။

Most Read

Most Recent