■ ဦးဆောင်သူအသစ်၊ မျှော်လင့်ချက်အသစ်နဲ့ အနာဂတ်အသစ်များ

■ ဦးဆောင်သူအသစ်၊ မျှော်လင့်ချက်အသစ်နဲ့ အနာဂတ်အသစ်များ
Photos: Getty Images
Photos: Getty Images
Published 12 July 2024
Phoe Thar

နိုင်ငံတကာပြိုင်ပွဲကြီးတွေပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံဟာ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်လှုပ်ရှားမှုတွေ၊ ကလပ်အသင်းတွေရဲ့ ရာသီကြိုပြင်ဆင်မှုနဲ့ ရာသီသစ်အပြောင်းအလဲတွေပဲ တဖြည်းဖြည်းပြန်လည်ရောက်ရှိလာခဲ့တယ်။ အထူးသဖြင့် ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ အပြောင်းအလဲအခြေအနေတွေက ပရိသတ်အတွက် စောင့် ကြည့်ရင်ခုန်စရာပိုဖြစ်စေပြီး ရာသီသစ်၊ မျှော်လင့်ချက်အသစ်တွေအတွက် ဘယ်အသင်းတွေက မှန်ကန်တဲ့လမ်းပေါ် လျှောက်လှမ်းနိုင်မလဲဆိုတာ ရာသီကြိုကာလရဲ့ စိတ်လှုပ်ရှားစရာအခိုက်အတန့်ပါပဲ။ လက်ရှိအခြေအနေအရ လာမယ့် ၂၀၂၄-၂၅ ရာသီသစ်ကတော့ ကစားသမားအပြောင်းအရွှေ့တွေထက် ဥရောပထိပ်တန်းလိဂ်ကလပ်အသင်းကြီးတွေရဲ့ နည်းပြအပြောင်းအလဲဇာတ်လမ်းတွေက ပိုပြီးရင်ခုန်စရာကောင်းနေပါတယ်။

 

Most Read

Most Recent