■ နီကိုဝီလီယံစ်၏ အနာဂတ်အတွက် ဖိအားပေးမှုများကို RFEF က ကာကွယ်ပေးနိုင်ခြင်းမရှိဟု ဘီလ်ဘာအိုဥက္ကဋ္ဌ ဝေဖန်     

■ နီကိုဝီလီယံစ်၏ အနာဂတ်အတွက် ဖိအားပေးမှုများကို RFEF က ကာကွယ်ပေးနိုင်ခြင်းမရှိဟု ဘီလ်ဘာအိုဥက္ကဋ္ဌ ဝေဖန်     
Photo: Getty Images
Photo: Getty Images
Published 12 July 2024

ဘီလ်ဘာအိုအသင်းဥက္ကဋ္ဌ ဂျွန်အူရီယာတေက ယူရိုပြိုင်ပွဲ၌ ခြေစွမ်းပြကစားနေသည့် နီကိုဝီလီယံစ်၏ အနာဂတ်အတွက် ဖိအားပေး မေးမြန်းမှုများကို စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က အကာအကွယ်ပေးနိုင်ခြင်းမရှိကြောင်း ဝေဖန်ပြောကြားသည်။

    

အသက် ၂၁ နှစ်သာရှိသေးသူ တောင်ပံကစားသမား နီကိုဝီလီယံစ်သည် ယူရို-၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်ထားသည့် စပိန် အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားသည်။ 

ယူရိုပြိုင်ပွဲကာလအတွင်း အင်တာဗျူးအစီအစဉ်များတွင် ၎င်းအား အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများ ဆက်တိုက်ကြုံတွေ့နေရသလို ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာကလည်း စာချုပ်လျော်ကြေး ယူရို (၅၈) သန်းပေးချေရန် ငွေကြေးလုံလောက်မှုရှိကြောင်း ယခုရက်သတ္တပတ်အတွင်း ပြောကြားထားသည်။

    

သို့ဖြစ်ရာ ဘီလ်ဘာအိုအသင်းဥက္ကဋ္ဌ အူရီယာတေက "နီကိုက အက်သလက်တစ် (ဘီလ်ဘာအို)အသင်းရဲ့ ကစားသမားတစ်ဦးပါ။ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေကို အပြင်းအထန်ခံခဲ့ရပါတယ်။ RFEF အနေနဲ့ သူ့ကို ကာကွယ်မပေးနိုင်ခဲ့ပါဘူး။ ဘောလုံးကို ဖန်တီးကြသူတွေကြားမှာ လေးစားမှုဟာ အခြေခံကျတဲ့အရာတစ်ခုပါ။ ဒါမှမဟုတ် အက်သလက်တစ်မှာ ကျွန်တော်တို့က အဲဒီလိုရှုမြင်ထားတာဖြစ်လိမ့်မယ်။ အဲဒီအထဲမှာ ကလပ်အသင်းတစ်သင်းနဲ့ စာချုပ်ရှိနေတဲ့ ကစားသမားတွေကို တခြားအသင်းတွေဆီ ပြောင်းရွှေ့ဖို့ လူအများရဲ့ဖိအားပေးမှုလုပ်တာ မပါဝင်ပါဘူး"ဟု ပြောကြားသည်။

Most Read

Most Recent