■ ကိုပါအမေရိကပြိုင်ပွဲ၌  မအောင်မြင်သဖြင့် အမေရိကန်နည်းပြ ဘယ်ဟာလ်တာ ထုတ်ပယ်ခံရ     

■ ကိုပါအမေရိကပြိုင်ပွဲ၌  မအောင်မြင်သဖြင့် အမေရိကန်နည်းပြ ဘယ်ဟာလ်တာ ထုတ်ပယ်ခံရ     
Photo: Getty Images
Photo: Getty Images
Published 12 July 2024

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အိမ်ရှင် အမေရိကန်အသင်းအနေဖြင့် အောင်မြင်မှုမရဘဲ အုပ်စုအဆင့်မှထွက်ခဲ့ရသောကြောင့် နည်းပြဖြစ်သူ ဂရက်ဘယ်ဟာလ်တာကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့သည်။

    

အမေရိကန်အသင်းသည် ကိုပါ အမေရိကပြိုင်ပွဲ အုပ်စု (C) တွင် ပါဝင်ခဲ့ပြီး အဖွင့်ပွဲ၌ ဘိုလစ်ဗီးယားအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲ၌ ပနားမားအသင်းကို (၁-၂) ဂိုး၊ နောက်ဆုံးပွဲ၌ ဥရုဂွေးအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ကာ သုံးပွဲ ကစား၊ သုံးမှတ်ဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ 

ဘယ်ဟာလ်တာ (၅၀ နှစ်) သည် အမေရိကန်အသင်းကို ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ကိုင်တွယ်ဖူးပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် တစ် ကျော့ပြန် ခန့်အပ်ခံရသော်လည်း တစ်နှစ်အကြာမှာပင် လမ်းခွဲခဲ့ရခြင်း ဖြစ်သည်။ 

ယခုအချိန်တွင် အမေရိကန် ဘောလုံးအဖွဲ့ချုပ်သည် ယင်းရာထူးအတွက် လီဗာပူးလ်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်ကို ခန့်အပ်ရန် စိတ်ဝင်စားလျက်ရှိသည်။ 

Most Read

Most Recent