■ ဝက်စ်ဟမ်းအသင်းတွင် တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ဂွီဟာမီ ဆို

■ ဝက်စ်ဟမ်းအသင်းတွင် တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ဂွီဟာမီ ဆို
Photo: West Ham United
Photo: West Ham United
Published 14 June 2024

ဝက်စ်ဟမ်းတောင်ပံကစားသမားသစ် ဂွီဟာမီက မိမိအနေဖြင့် ဝက်စ်ဟမ်းအသင်းတွင် တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ဝက်စ်ဟမ်းအသင်းသည် ပါးမီးရပ်စ်အသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား ဂွီဟာမီကို ပေါင်(၂၅.၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ဂွီဟာမီသည် အသက်(၁၈)နှစ်သာ ရှိသေးသူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက ၎င်းကို (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ဂွီဟာမီသည် ဝက်စ်ဟမ်းနည်းပြသစ် လိုပယ်တယ်ဟီလက်ထက် ပထမဆုံးခေါ်ယူသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၎င်းက "ဝက်စ်ဟမ်းနဲ့ စာချုပ်ချုပ်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် ဒီအသင်းမှာ အများကြီးတိုးတက်လာမယ်လို့လည်း ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent