■ ယူရို-၂၀၂၄ ပြိုင်ပွဲ၌ အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့ပါက တနင်္လာနေ့ကို ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အင်္ဂလန်ပရိသတ်များ တောင်းဆိုထား     

■ ယူရို-၂၀၂၄ ပြိုင်ပွဲ၌ အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့ပါက တနင်္လာနေ့ကို ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အင်္ဂလန်ပရိသတ်များ တောင်းဆိုထား     
Photo: FA
Photo: FA
Published 12 July 2024

အင်္ဂလန်အသင်း၏ ပရိသတ်များသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့ပါက တနင်္လာနေ့ကို ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

    

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး လာမည့်တနင်္ဂနွေနေ့တွင် စပိန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

အင်္ဂလန်အသင်းသည် ပြိုင်ပွဲမတိုင်မီက ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ရှုံးထွက်အဆင့်ပွဲစဉ်များမ တိုင်မီတွင်လည်း ရေပန်းအစားဆုံးဖြစ်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် စပိန်အသင်းက ရေပန်းအစားဆုံးဖြစ်လာခဲ့ပြီး ယခုဗိုလ်လုပွဲတွင်လည်း စပိန်အသင်းက အင်္ဂလန်ထက် ပိုမို ရေပန်းစားနေသည်။ 

အင်္ဂလန်အသင်းပရိသတ်များကမူ ချန်ပီယံဆု ရယူနိုင်လိမ့်မည်ဟု ယုံကြည်နေပြီး ဗြိတိန်တော်ဝင်မိသားစုထံ တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုတောင်းဆိုမှုကို ဦးဆောင်ဆော်သြသူများက တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲအပြီး၌ အောင်ပွဲခံခဲ့ရပါက တနင်္လာနေ့ကို ဘဏ်ပိတ်ရက် တစ်နည်းအားဖြင့် တရားဝင်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးသင့်သည်ဟု ဆိုခဲ့ပြီး ယခုတောင်းဆိုမှုတွင် လက်မှတ်ရေးထိုး၍ ပါဝင်ကြရန် လှုံ့ဆော်နေကြခြင်းဖြစ်သည်။ 

    

အင်္ဂလန်အသင်းသည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနှင့် ဝေးကွာနေသည့်အပြင် ယူရိုပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ရယူဖူးခြင်းမရှိသေးပေ။ 

ထို့ကြောင့် ပရိသတ်များအနေဖြင့် ဆုဖလားအောင်ပွဲ ရယူနိုင်ရန် အလွန်အမင်း လိုလားတောင့်တနေကြကြောင်း သိရသည်။ 

Most Read

Most Recent