ပြင်သစ်နည်းပြအဖြစ် ဒေးရွှမ့် ဆက်ရှိမည်ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အတည်ပြု

ပြင်သစ်နည်းပြအဖြစ် ဒေးရွှမ့် ဆက်ရှိမည်ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အတည်ပြု
Photo: AFP
Photo: AFP
Published 11 July 2024

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဥက္ကဋ္ဌ ဒီယာလိုက လက်ရှိနည်းပြ ဒေးရွှမ့်အနေဖြင့် လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဆီမီးဖိုင်နယ်မှထွက်ခွာခဲ့ရသည့်အတွက် ဒေးရွှမ့်အနာဂတ်မှာ လှုပ်ခတ်လာခဲ့သည်။

သို့သော် FFF ဥက္ကဋ္ဌ ဒီယာလိုက ဒေးရွှမ့်အနေဖြင့် အသင်းနှင့်စာချုပ်ချုပ်ဆိုထားသည့်အတိုင်း ၂၀၂၆ ကမ္ဘာ့ဖလားအပြီးထိ ဆက်ရှိနေမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

'' ဒေးရွှမ့်ရဲ့စာချုပ်ကို မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒေးရွှမ့်အနေနဲ့ အရင်က လုပ်ပြပြီးသားပါ။ သူဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ရှိနေပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent