ယူကရိန်းက အမေရိကန်လုပ် ဒုံးကျည်များကိုအသုံးပြုပြီး ခရိုင်းမီးယားကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားပြောကြား၊ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ်ကို ဆင့်ခေါ်

ယူကရိန်းက အမေရိကန်လုပ် ဒုံးကျည်များကိုအသုံးပြုပြီး ခရိုင်းမီးယားကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားပြောကြား၊ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ်ကို ဆင့်ခေါ်
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်တွင် အမေရိကန်စစ်တပ်က ATACMS ဒုံးကျည်စနစ်ကို စမ်းသပ်နေစဉ်(Photo: US Army)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်တွင် အမေရိကန်စစ်တပ်က ATACMS ဒုံးကျည်စနစ်ကို စမ်းသပ်နေစဉ်(Photo: US Army)
Published 25 June 2024

ယူကရိန်းသည် အမေရိကန်လုပ်ဒုံးကျည်များကို အသုံးပြုပြီး ရုရှားကသိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောကြားခဲ့ကာ လူလေးဦးသေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရခဲ့သည့် ထိုတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ်ကို ဇွန် ၂၅ ရက်တွင် ဆင့်ခေါ်ခဲ့သည်။

အမေရိကန်သည် ယူကရိန်းစစ်ပွဲတွင် ယူကရိန်းဘက်မှရပ်တည်ပြီး လက်တွေ့ကျကျပါဝင်လာခဲ့ကြောင်း၊ တုံ့ပြန်မှုအစီအစဉ်များကို မလွဲဧကန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်နှင့် ယူကရိန်းအရာရှိများက ချက်ချင်းမှတ် ချက်ပေးခဲ့ခြင်းမရှိပေ။ ယူကရိန်းက အမေရိကန်လုပ်ဒုံးကျည်များအသုံးပြုခဲ့သည်ဆိုသည့် ရုရှား၏ ပြောဆိုချက်သည် မှန်၊မမှန်ဆို ခြင်းကိုလည်း အေပီသတင်းဌာနက လွတ်လပ်စွာ အတည်ပြုနိုင်မည်မဟုတ်ပေ။

ရုရှား၏ ကျူးကျော်စစ်စတင်ခဲ့ပြီးကတည်းက ယူကရိန်းသည် အနောက်နိုင်ငံများက ထောက်ပံ့ပေးသည့် လက်နက်များကို မှီခိုခဲ့ရသည်။

မကြာသေးမီလများအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ကီလိုမီတာ ၁၀၀၀ ရှိသည့် ရှေ့တန်းစစ်မြေပြင် ကြီးမားသည့် အပြောင်းအလဲများနှင့်အတူ အဆိုပါ စစ်ရေးအကူအညီများသည် ရုရှားတပ်ဖွဲ့များကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်းတပ်ဖွဲ့များအတွက် အလွန်အဓိကကျနေသည်။

အနောက်နိုင်ငံအချို့သည် ပိုမိုခေတ်မီဆန်းပြားသည့် လက်နက်များကို ယူကရိန်းအား ထောက်ပံ့ပေးရန် တွန့်ဆုတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းစစ်တပ်သည် ထိုလက်နက်များကို အသုံးပြုပြီး ရုရှားကို ရန်စနိုင်မည့် စိုးရိမ်မှုများကြောင့်ဖြစ်သည်။

သို့သော် ယူကရိန်းသည် ၎င်းထက် စစ်အင်အားအလွန်ကြီမားသည့် ရုရှားကို ခုခံတိုက်ခိုက်ရန် ရုန်းကန်လာရချိန်တွင် အနောက်နိုင်ငံများမှ ခေါင်းဆောင်များသည် ယူကရိန်းကို ကူညီထောက်ပံ့မှုများပိုမိုပေး အပ်ခဲ့သည်။

ယူကရိန်းအနေဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရေးအတွက် လိုအပ်လာမည်ဆိုပါက ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ကထောက်ပံ့ပေးထားသည့် တာဝေးပစ်ဒုံးကျည်များကို အသုံးပြု ခွင့်ပေးကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပဋိပက္ခပိုမိုအရှိန်မြင့်တက်လာမည့် အရေးကို စိုးရိမ်သဖြင့် အမေရိကန်သည် စစ်ပွဲစတင်ခဲ့ချိန်ကတည်းက ၎င်းတို့ထောက်ပံ့ပေးသည့် လက်နက်များကို အသုံးပြုပြီးရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခွင့်  ပိတ်ပင်ခဲ့ပြီးနောက် ယခုအခါတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၃ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ယူကရိန်းတပ်ဖွဲ့များက ပစ်ခတ်ခဲ့သည့် ဒုံးကျည်များသည် ခရိုင်းမီးယားဒေသ၏ ဆီဗက်စတိုပိုးလ်ဆိပ်ကမ်းမြို့ကို ကျရောက်ခဲ့ပြီး ကလေးနှစ်ဦးအပါအဝင် လူလေးဦးသေ ဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုဒုံးကျည်မျာသည် အမေရိကန်လုပ် ATACMS တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များဖြစ်ကြောင်းနှင့် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်သံအမတ် လင်နီထရေစီကို ဆင့်ခေါ်ခဲ့ကြောင်း ရုရှားက ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent