ဂျာမနီ - စကော့တလန် (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
ဂျာမနီအသင်းက ၂၀၂၃ အတွင်းမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် ၂၀၂၄ မှာတော့ သိသိသာသာတိုးတက်လာခဲ့တယ်။ တိုနီကရို့စ်ပါလာပြီးနောက်ပိုင်းမှာ နာဂယ်စ်မန်းရဲ့ အသင်းက ဟန်ချက်ပိုညီသွားခဲ့ပြီး တိုက်စစ်ပိုင်းကလည်း အသွင်သစ်ဖြစ်သွားတာကို တွေ့ရတယ်။ ပြင်သစ်၊ နယ်သာလန်၊ ဂရိတို့ကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်းမျိုးကို အဖွင့်ပွဲမှာ ထပ်မြင်ရလိမ့်မယ်။ စကော့တလန်အသင်းက ဂျာမနီကို ယှဉ်ကစားဖို့ ကြိုးစားရင်း ပြိုလဲသွားလိမ့်မယ်။ ဂျာမနီ အနိုင်သေချာတယ်။