ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်းတို့၏စိတ်ဝင်စားခြင်းကို ခံနေရသည့် ဘာစီလိုနာနောက်ခံကစားသမား အာရူဟိုက မိမိအနေဖြင့် လက်ရှိအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လာမည့်နွေတွင် အသင်းနောက်ခံကစားသမား အာရူဟိုအား ရောင်းထုတ်မည်ဟု သတင်းထွက်နေပြီး ၎င်းကိုခေါ်ယူရန် မန်ယူနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
သို့သော် အာရူဟိုက ''အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လူတွေ ပြောနေတာတွေ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေပါတယ်။ ပြီးတော့ လက်ရှိမှာ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက်ပဲ အာရုံစိုက်ထားတာပါ။ ပြီးရင် ဥရုဂွေးအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲလည်း ကစားရဦးမှာပါ''ဟု ပြောကြားခဲ့သည်။
အာရူဟိုသည် ဘာစီလိုနာအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၁) ပွဲ ပါဝင်ကစားထားသည်။
ဘာစီလိုနာအသင်းတွင် ပျော်ရွှင်နေကြောင်း အာရူဟို တုံ့ပြန်
Most Read
Most Recent
47 min ago
48 min ago