ရီးယဲလ်တွင် ဘာပေ အောင်မြင်မည်ဟု ဆစ်ဆိုကိုသုံးသပ်

ရီးယဲလ်တွင် ဘာပေ အောင်မြင်မည်ဟု ဆစ်ဆိုကိုသုံးသပ်
Photo: X
Photo: X
Published 28 March 2024

PSG နှင့် ဗလင်စီယာကွင်းလယ်ကစားသမားဟောင်း ဆစ်ဆိုကိုက ဘာပေသည် ရီးယဲလ်အသင်းတွင် အောင်မြင်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘာပေ(၂၅ နှစ်)သည် လာမည့်နွေတွင် ရီးယဲလ်အသင်းထံသို့ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ရီးယဲလ်အသင်းအနေဖြင့် ဘာပေကိုခေါ်ယူခဲ့ပါက နောင်တရနိုင်ကြောင်း နှင့် ဘာပေသည် ရီးယဲလ်အဝတ်လဲခန်းအတွင်း ပြဿနာများကို ဖန်တီးမည့်သူဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

ယခုအခါ ဆစ်ဆိုကိုက လာပေါ်တာ၏မှတ်ချက်မှာ မှားယွင်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆစ်ဆိုကိုက ''လာပေါ်တာရဲ့မှတ်ချက်ကို ကျွန်တော် သဘောမတူပါဘူး။ ရီးယဲလ်မှာ ထိပ်တန်းကစားသမားတွေ ရှိတာမှန်ပါတယ်။ ဒါပေမဲ့ ဘာပေက သူတို့အတွက် ကြီးကျယ်တဲ့ခေါ်ယူမှု ဖြစ်လာမှာပါ။ အခုအချိန်က ရီးယဲလ်မှာ ဘာပေ ကစားဖို့အကောင်းဆုံးအချိန်လို့လည်း ထင်ပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent