မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သည့် ဗြိတိန်သူဌေး ဆာဂျင်ရက်ကလစ်ဖ်သည် လာမည့်နွေရာသီတွင် လူတန်အသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဘာကလေကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
အဲဗာတန်နှင့် ချယ်လ်ဆီးကစားသမားဟောင်းဖြစ်သည့် ဘာကလေ(၃၀ နှစ်)ကို ဆာဂျင်ရက်ကလစ်ဖ်က နိုက်စ်အသင်းတွင် ကစားစဉ်ကတည်းက သဘောကျခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကက်စီမီရိုနေရာ အစားထိုးရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရာသီကုန်တွင် လူတန်အသင်း တန်းဆင်းခဲ့ရပါက ဘာကလေကို စျေးနှုန်းသက်သာစွာဖြင့် ခေါ်ယူနိုင်မည်ဖြစ်သောကြောင့် မန်ယူအသင်းတာဝန်ရှိသူများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
လူတန်ကွင်းလယ်လူ ဘာကလေကို ခေါ်ယူရန် မန်ယူအသင်း ဆန္ဒရှိနေ
Most Read
Most Recent
1 hour ago
1 hour ago