ဆီမြွန်နီ၊ ဂရီးဇ်မန်းနဲ့  သန်မာသောအက်သလက်တီကိုသို့

ဆီမြွန်နီ၊ ဂရီးဇ်မန်းနဲ့  သန်မာသောအက်သလက်တီကိုသို့
Photos: AFP
Photos: AFP
Published 25 October 2023
Phoe Thar

မထင်မှတ်တဲ့ အခြေအနေမှာပဲ အက်သလက်တီကိုဟာ ဆုဖလားမျှော်လင့်ချက်တွေ၊ အိပ်မက်တွေအတွက် အသန်မာဆုံးပုံစံနဲ့ ပြန်လာခဲ့တယ်။ ရလဒ်ကောင်းတွေ၊ နိုင်ပွဲတွေနဲ့ အတူ ဆီမြွန်နီဟာလည်း သူ့ရဲ့စစ်မှန်တဲ့ဂုဏ်သိက္ခာကို ပြန်လည်အရောင်တင်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်ကိုကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဆုကို နှစ်ကြိမ်ရ ယူပြခဲ့တဲ့အသင်း၊ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲ(၂)ကြိမ်နဲ့ ယူရိုပါလိဂ်၊ ဥရောပစူပါဖလားတွေကိုရယူ ပြထားနိုင်တဲ့အသင်းတစ်အသင်းရဲ့ သန်မာစွာပြန်လာခဲ့ခြင်းဟာ ပြိုင်ဘက်တိုင်းအတွက်လည်း အိပ်မက်ဆိုးဖြစ်စေမှာသေချာပါတယ်။ စပိန်မီဒီယာတွေကတော့ ဆုဖလားတွေအတွက် အက်သလက်တီကိုပြန်လာပြီလို့ ချီးကျူးခဲ့ကြသလို၊ ဒီရာသီလာလီဂါချန်ပီယံဆုအားပြိုင်မှုဟာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ရဲ့ ပြိုင်မြင်း (၃) ကောင်ပြေးမယ့်ပွဲလို့ တင်စားခဲ့ကြတယ်။

 

Most Read

Most Recent