လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပမှ ဒေါ်လာတစ်ဘီလျံကျော် တန်ဖိုးရှိ ဓာတ်ဆီနှင့် ဒီဇယ်တန်ချိန် ၁၈၇၀၀၀၀ တန်ကျော် တင်သွင်းရန် လုပ်ငန်းရှင်များ လိုင်စင်ရယူထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင် ဘာ ၂၅ ရက်အထိ ဒေါ်လာ ၃၅၈ သန်းကျော် တန်ဖိုးရှိ ဓာတ်ဆီတန်ချိန် ၅၉၀၀၀၀ တန် ကျော်၊ ဒေါ်လာ ၆၉၀ သန်းကျော်တန်ဖိုးရှိ ဒီ ဇယ်တန်ချိန် ၁၂၈၀၀၀၀ တန်ကျော်တင်သွင်းမှုပြုလုပ်ရန် လိုင်စင်ရယူထားခြင်းဖြစ်ကြောင်း သိရသည်။"ဒီနှစ်မှာ ပြည်ပက ဓာတ်ဆီနဲ့ဒီဇယ် တင်သွင်းမှုက အရင်ကာလတူ တင်သွင်းမှုထက် ပိုများပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။လုပ်ငန်းရှင်များအနေဖြင့် ဓာတ်ဆီနှင့် ဒီဇယ်များကို ပြည်ပနိုင်ငံများမှ တင်သွင်းမှုပြုရာတွင် အဓိကအားဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းကို အများဆုံး အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်း အုပ်စုတို့ကို တင်သွင်းလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအပြင် အခြားသွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သည့် ဒေါ်လာများကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပုဂ္ဂလိကဘဏ်များမှ တစ်ဆင့်ရောင်းချပေးနေကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပမှ ဒေါ်လာတစ်ဘီလျံကျော် တန်ဖိုးရှိ ဓာတ်ဆီနှင့် ဒီဇယ်တန်ချိန် ၁၈၇၀၀၀၀ ကျော် တင်သွင်းရန် လုပ်ငန်းရှင်များ လိုင်စင်ရယူ















