အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် လုပ်ဆောင်မည့် စီမံချက်များနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်

အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် လုပ်ဆောင်မည့် စီမံချက်များနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်
Published 22 February 2018

အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် လွယ်ကူချောမွေ့စေရန် လုပ်ဆောင်မည့် စီမံချက်များနှင့်ပတ်သက်၍ ဆွေးနွေးစဉ်

အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် လုပ်ဆောင်မည့် စီမံချက်များနှင့်ပတ်သက်၍ မန္တလေးမြို့တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ဥပဒေ ထွက်ရှိထားသော်လည်း လက်ရှိတွင် ဥပဒေမှာ သက်ဝင်လှုပ်ရှားမှု အားနည်းလျက်ရှိသောကြောင့် ပိုမိုသိရှိရန်နှင့် လုပ်ငန်းအထောက်အကူပြုရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ဆွေးနွေးပွဲကနေစပြီး ဒီစီမံချက်ကိုချပြမယ်။ အကျိုးသက်ရောက်မှုဆိုတာက ကျင့်သုံးတတ်ဖို့လိုတယ်။ ကျွန်တော်တို့ဘက်ကလည်း ရသမျှတွန်းမယ်။ ဒါက အစိုးရရယ်၊ လွှတ်တော်ရယ်၊ CSO ရယ် အတူတူနားလည်စွာ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အသင်းအဖွဲ့တွေ မှတ်ပုံတင်တဲ့အခါမှာ တင်တင်မတင်တင်ရရတယ်။ မှတ်ပုံတင်တဲ့အခါမှာ အခက်အခဲတွေရှိတယ်။ အချို့အသင်းအဖွဲ့တွေက မှတ်ပုံတင်တဲ့အခါ ဘယ်လိုတင်ရမှန်းကို မသိတာတွေရှိတယ်။ ဒီလိုကိစ္စတွေကိုသိအောင် မြို့နယ်တွေအထိဆင်းပြီး ရှင်းပြတာတွေ လုပ်ဆောင်သွားမယ်” ဟု မန္တလေးတိုင်းဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဦးမြင့်ထွန်းက ပြောကြားသည်။

အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ရာတွင် လွယ်ကူချောမွေ့စေရန် အသိပညာပေးခြင်းများ၊ အခက်အခဲများအား မျှဝေဖြေရှင်းခြင်းများအပါအဝင် လုပ်ဆောင်မည့်ကိစ္စများကို စီမံချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ခြောက်လစီမံချက်အဖြစ် နယ်များ၊ မြို့နယ်များသို့ လှည့်လည်အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

Most Read

Most Recent