၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အမျိုးသမီးအသင်း ပွဲစဉ်ရှိသည့်ရက်များ၌ ဘရာဇီးလ်အစိုးရဝန်ထမ်းများသည် လုပ်ငန်းခွင်သို့ နောက်ကျမှလာရောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင်လ(၂၀)ရက်တွင် စတင်ကျင်းပနေပြီး ဘရာဇီးလ်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင်လ(၂၄)ရက်တွင် ပနားမားအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
အစိုးရဝန်ထမ်း ဘောလုံးပရိသတ်များအနေဖြင့် နိုင်ငံအသင်းပွဲရှိသည့်ရက်များ၌ (၄)နာရီအထိ နောက်ကျခွင့်ပေးထားပြီး ဘောလုံးပွဲအပြီး (၂)နာရီအကြာတွင် လုပ်ငန်းခွင်စဝင်ရမည်ဖြစ်သည်။
''ပွဲတွေက ဘရာဇီးလ်စံတော်ချိန် နံနက် (၇)နာရီခွဲဆိုရင် အလုပ်ချိန်က နံနက် (၁၁)နာရီမှ စပါမယ်။ ပွဲချိန် နံနက် (၈)နာရီခွဲဆိုရင်တော့ မွန်းလွဲ (၁၂)နာရီမှ စတင်ပါမယ်''ဟု ဘရာဇီးလ်စီမံရေးရာဝန်ကြီး အက်စ်သာဒွက်ခ်က ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားကြည့်ရန် ဘရာဇီးလ်ဝန်ထမ်းများ နောက်ကျခွင့်ရ
Most Read
Most Recent
5 hours ago
5 hours ago