အာဆင်နယ်အနေဖြင့် မန်စီးတီးနောက်တန်းကို ဖြိုခွဲရန်သာ ကြိုးပမ်းသင့်ကြောင်းနှင့် ဟော်လန်းအပေါ်တွင် အလွန်အမင်းအာရုံစိုက်ခြင်းမပြုရန်  ရွန်နီ အကြံပြု

အာဆင်နယ်အနေဖြင့် မန်စီးတီးနောက်တန်းကို ဖြိုခွဲရန်သာ ကြိုးပမ်းသင့်ကြောင်းနှင့် ဟော်လန်းအပေါ်တွင် အလွန်အမင်းအာရုံစိုက်ခြင်းမပြုရန်  ရွန်နီ အကြံပြု
Photo: Getty Images
Photo: Getty Images
Published 26 April 2023

 

မန်ယူနှင့် အင်္ဂလန်တိုက်စစ်မှူး ဟောင်း ရွန်နီက အာဆင်နယ်အနေဖြင့် ပြိုင်ဘက်တိုက်စစ်မှူး ဟော်လန်းအပေါ် အလွန်အမင်းအာရုံစိုက်ခြင်းထက် မန်စီးတီးနောက်တန်းကို ဖြိုခွဲနိုင်ရန်သာ ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းခဲ့သည်။ 

"အာလင်းဟော်လန်းကို သူတို့ ဘယ်လိုရပ်တန့်မလဲ၊ ဆာလီဘာက ဒဏ်ရာရနေတယ်။ သူ့ရဲ့အမြန်နှုန်းနဲ့ တစ်ဦး  ချင်းစွမ်းအားကို လက်ရှိအာဆင်နယ်နောက် တန်းမှာ ယှဉ်နိုင်မယ့် အလားအလာရှိသူ မ တွေ့မိဘူး။ စီးတီးက သူတို့တိုက်ခိုက်ခံရချိန် စပ်ကူးမတ်ကူးကာလမှာ ပျော့ကွက်အနည်း ငယ်ရှိတယ်။ ဒါကို ဘိုင်ယန်နဲ့ပွဲမှာ တွေ့မြင်ခဲ့ ရမှာပါ။ တိတိကျကျပြောရရင် ဘိုင်ယန်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုသာနေချိန် လီရွိုင်းဆာနေးအနေနဲ့ ဂိုးသွင်းပြီး သူတို့ကို ရိုက်ချိုးထားခဲ့သင့်တယ်။ ဒါက စီးတီးနဲ့ရင်ဆိုင်ရာမှာ ရနိုင်မယ့် အခွင့်အရေးတွေပါပဲ။ အာဆင်နယ်အသင်းမှာ ဆာကာ၊ မာတင်နယ်လီ၊ ဂျေးဇူးတို့ ရှိပြီး ပိုပြီးလုပ်အားနှုန်းကောင်းတယ်။ ဘိုင်ယန်က ဒါမျိုးမလုပ်နိုင်ခဲ့ဘူး။ အာဆင်နယ် အနေနဲ့ ဟော်လန်းအပေါ် အလွန်အမင်းအာရုံစိုက်နေတာမျိုးထက် စီးတီးနောက်ခံလူတွေကို ဘယ်လိုဖြိုခွဲမလဲနိုင်မလဲဆိုတာကိုပဲ ပစ်မှတ်ထားသင့်တယ်။ စီးတီးအသင်းနဲ့ရင်ဆိုင်ရာမှာ ခံစစ်ကစားပြီး အခွင့်အရေးကို စောင့်ဆိုင်းကစားမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကျရှုံးသွားနိုင်တယ်။ သူတို့အနေနဲ့ တိုက်စစ်သာကစားရင် နောင်တရစရာမရှိပါဘူး"ဟု ရွန်နီက အကြုံပြုခဲ့သည်။

အာဆင်နယ်အသင်းသည် မန်စီးတီးအသင်းအား ၅ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားသော်လည်း မန်စီးတီးအသင်းထက် ၂ ပွဲပိုကစားထားသည်။



 

Most Read

Most Recent