![Photo: Getty Images](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/untitled_201.png?itok=81vgEH3t)
ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအား ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူမပေးနိုင်ခဲ့လျှင် တူဟယ်လ်အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ဂျာမန်ကွင်းလယ်ကစားသမားဟောင်း ဟာမန်းက သတိပေးခဲ့သည်။
တူဟယ်လ်သည် မတ်လကုန်ပိုင်းတွင် နာဂယ်စ်မန်း၏နေရာ အစားထိုးခန့်အပ်ခံရသူဖြစ်ပြီး ရာထူးရယူပြီးနောက် တစ်လအကြာတွင် ဖိအားများနှင့် ရင်ဆိုင်လာရသည်။
တူဟယ်လ်လက်ထက်တွင် ဘိုင်ယန်အသင်းသည် ဂျာမန်ဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲများမှ ထွက်ခဲ့ရကာ ဖလားသုံးလုံးမျှော်လင့်ချက် ပျက်သုဉ်းခဲ့ရပြီး ဘွန်ဒစ်လီဂါတွင်လည်း မိန့်ဇ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သောကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဒေါ့မွန်အသင်းထံ လွှဲပြောင်းပေးထားခဲ့ရသည်။
ထို့ကြောင့် ဟာမန်းက ဘွန်ဒစ်လီဂါချန်ပီယံဆုသည်သာ တူဟယ်လ်၏အနာဂတ်အတွက် အာမခံချက်ပေးနိုင်ကြောင်း သုံးသပ်ခဲ့သည်။