မိုချန်ဂလာဘတ် - ဝုလ်ဗ်ဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၈:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်း အိမ်ကွင်းမှာတော့ သိပ်ပုံစံမပျက်သွားသေးဘူး။ ဝုလ်ဖ်ဘတ်ကလည်း အဝေးကွင်းတွေမှာဆို ပိုစွမ်းဆောင်ရည်ကောင်းနေတဲ့ အနေအထားပါ။ မိုချန် အမှတ်တော့ရလိမ့်မယ်။
ဘိုဟုမ် - စတုဂတ် (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၁၀:၀၀ နာရီ)
ဘိုဟုမ်အသင်းက နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ရထားတယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ ဘိုဟုမ် အမှတ်ထပ်ယူဦးမယ်ထင်တယ်။
ဟော်ဖန်ဟင် - ရှော်လ်ကေး (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် ည ၁၂:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်း နိုင်ပွဲဆက်ထားပြီး ရှော်လ်ကေးကတော့ အရှိန်တန့်သွားတယ်။ ဒါပေမဲ့ ရှော်လ်ကေး အမှတ်ရအောင်တော့ ကစားနိုင်တယ်။















