လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် အပိုထပ်ဆောင်းတစ်နေရာကို စပိန်နိုင်ငံ ရရှိ

လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် အပိုထပ်ဆောင်းတစ်နေရာကို စပိန်နိုင်ငံ ရရှိ
Photo: X
Photo: X
Published 8 May 2026

စပိန်နိုင်ငံဟာ လာမယ့် ၂၀၂၆-၂၇ ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် အပိုထပ်ဆောင်း တစ်နေရာကို ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗယ်လက်ကာနိုအသင်းက ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် စပိန်နိုင်ငံက ချန်ပီယံလိဂ်ဝင်ခွင့် အပိုထပ်ဆောင်းတစ်နေရာ ရရှိဖို့ သေချာသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လိဂ်အလိုက် ပုံမှန်ဝင်ခွင့်ခွဲတမ်းတွေ သတ်မှတ်ပေးထားတဲ့အပြင် တစ်ရာသီအတွင်း ဥရောပပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်အကောင်းဆုံး နှစ်နိုင်ငံကို ဝင်ခွင့်တစ်နေရာစီ ထပ်ဆောင်းပေးအပ်ခြင်းဖြစ်ပါတယ်။

လာမယ့်ရာသီအတွက် အဆိုပါထပ်ဆောင်းဝင်ခွင့်တစ်နေရာကို အင်္ဂလန်က အစောပိုုင်းကတည်းက ရရှိဖို့ သေချာခဲ့ပြီး အခုအခါ စပိန်ကလည်း တစ်နေရာရရှိဖို့ သေချာခဲ့တာပါ။

ဒါကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို စပိန်ကလပ် ငါးသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာ အဆင့် ၁ ကနေ အဆင့် ၅ နေရာ ရရှိတဲ့အသင်းတွေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာပါ။

ဒါကြောင့် လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အက်သလက်တီကိုအသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ လေးပွဲအလိုမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့ပါတယ်။ 

Most Read

Most Recent