ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Martin Schuepp ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မတ် ၉ ရက်က ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသို့တွေ့ဆုံစဉ် ICRC မှ လက်ရှိပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စများ၊ မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား အမှန်တကယ်အကူအညီ လိုအပ်သည့်သူများထံသို့ ရောက်ရှိစေရေး ကိစ္စရပ်များ၊ ICRC ၏ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာငွေ ထုတ်ယူသုံးစွဲမှုကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)နှင့်တာဝန်ရှိသူများ၊ ICRC မှ အာရှ- ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms.Christine Cipolla နှင့် ICRC Resident Representative, Ms. Elean Ajmone Sessera တို့လည်း တက်ရောက်ခဲ့ကြောင်းသိရသည်။















