မိုးအဆက်မပြတ်ရွာသွန်းသော ရာသီဥ တုနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ ထိရောက် မှု မရှိ ခြင်းတို့ကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုကျယ်ပြန့်လာရာ လာမည့်နှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရော ဂါ ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာ နိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးလိုက်သည်။
၂၀၂၃ ခုနှစ်က နိုင်ငံသမိုင်းတစ်လျှောက် သွေးလွန်တုပ်ကွေးရောဂါကြောင့် လူသေဆုံး မှု အများဆုံးဖြစ်ပွားခဲ့သည့် အခြေအနေကို ပြန်ပြောင်းအမှတ်ရကာ ပြီးခဲ့သည့် သီတင်း ပတ်များအတွင်း ယခုကဲ့သို့ ရောဂါကူးစက်ပြန့် ပွားမှု အရှိန်မြင့်တက်လာခြင်းအပေါ် စိုးရိမ်ပူ ပန်မှုများ ရှိနေကြသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ မေလကုန်တွင် တစ်ဦးသာရှိခဲ့ရာမှ ဇွန်လကုန် တွင် ၁၈ ဦးအထိ တိုးလာခဲ့ပြီး ရောဂါပိုးကူး စက်ခံရကြောင်း အစီရင်ခံတင်ပြချက်မှာ လည်း ၇၁၄ ဦးမှ ၅၉၂၄ ဦးအထိ ရှစ်ဆကျော် မြင့်တက်လာခဲ့သည်။
''ဒါကာ မြို့မှာ သွေးလွန်တုပ်ကွေးကူး စက်မှုဟာ ဇွန်လရဲ့ အခြေအနေနဲ့စာရင်ဇူလိုင် လမှာ အနည်းဆုံး နှစ်ဆလောက် တိုးလာနိုင် ပြီးသြဂုတ်လရောက်ရင်တော့ သုံးဆကနေ လေးဆအထိ မြင့်တက်လာလိမ့်မယ်လို့ ကျွန် တော်တို့ ခန့်မှန်းထားပါတယ်'' ဟု ဂျာဟန်ဂါ နာဂါတက္ကသိုလ်မှ ပိုးမွှားဗေဒပညာရှင် ပရော် ဖက်ဆာ ကာဘီရူဘာရှာ က ပြောကြားခဲ့သည်။
''ဒါပေမဲ့ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုက တော့ မြို့တော်ပြင်ပဒေသတွေမှာ ဖြစ်လာဖို့ ရှိပြီး အဲဒီက ခရိုင်အတော်များများမှာ ကူးစက် မှုနှုန်းဟာ အခုထက် အဆမတန် ပိုမိုမြင့်တက် လာနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါ တယ်''ဟု ၎င်းင်းက ဆိုသည်။
၂၀၂၃ ခုနှစ်အတွင်းက နိုင်ငံတစ်ဝန်း တွင် လူပေါင်း ၃၂၁၀၀၀ ကျော် ရောဂါကူးစက် ခံခဲ့ရပြီး ၁၇၀၅ ဦး သေဆုံးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်က ကူးစက်မှု ၁၀၁၂၁၄ မှုနှင့် သေဆုံးသူ ၅၇၅ ဦး ရှိခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်တွင်လည်း သွေး လွန်တုပ်ကွေးကူးစက်မှု ၁၀၂၈၆၁ မှုနှင့် သေဆုံးသူ ၄၁၃ ဦး ရှိခဲ့ကြောင်း မှတ်တမ်းတင် ထားသည်။
ယခုကဲ့သို့ သွေးလွန်တုပ်ကွေးအန္တရာယ် နှင့် ရင်ဆိုင်နေရချိန်မှာပင် ဘင်္ဂလားဒေ့ရှ်နိုင် ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွား ဆုံး ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှု တစ်ခု နှင့်လည်း လုံးပန်းနေရသည်။
ပြီးခဲ့သည့် မတ်လလယ်ကတည်းက ဝက် သက်ရောဂါ ဖြစ်ပွားသူဟု သံသယရှိရသူ ၁၀၀၀၀၀ ကျော်နှင့် အတည်ပြုလူနာ ၁၀၀၀၀ ကျော် ရှိခဲ့ကြောင်း အစီရင်ခံထားပြီး သေဆုံးသူအရေအတွက်မှာလည်း ၇၀၀ ကျော် အထိ ရှိလာခဲ့ရာ ယင်းအခြေအနေသည် မူလကတည်းက ယိုင်နဲ့နေပြီးဖြစ်သော ကျန်း မာရေးစောင့်ရှောက်မှုစနစ်အပေါ် ဝန်ထုပ် ဝန်ပိုး ပိုမိုဖြစ်စေလျက်ရှိသည်။
မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပူနွေး သော အပူချိန်နှင့် စိုထိုင်းဆမြင့်မားခြင်းတို့က သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွား ရန်အတွက် အကောင်းဆုံးအခြေအနေများကို ဖန်တီးပေးနေပြီး တစ်ဖက်တွင်မူ ခြင်နှိမ်နင်း ရေး လုပ်ငန်းများက ကြီးထွားလာနေသော ရောဂါအန္တရာယ်ကို လိုက်မမီနိုင်ဘဲ ဖြစ်နေ ကြောင်း ပရော်ဖက်ဆာ ဘာရှာက ပြောကြားခဲ့သည်။
■ Ref:AFP















