ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူလိုပါက အာဆင်နယ်အသင်းအနေဖြင့် လက်ကျန်ပွဲတိုင်းကို အနိုင်ယူရလိမ့်မည်ဟု အီယန်ရိုက် သတိပေး

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူလိုပါက အာဆင်နယ်အသင်းအနေဖြင့် လက်ကျန်ပွဲတိုင်းကို အနိုင်ယူရလိမ့်မည်ဟု အီယန်ရိုက် သတိပေး
Photo: Getty Images
Photo: Getty Images
Published 9 March 2023

ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်က အသင်းဟောင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူလိုပါက လက်ကျန်ပွဲတိုင်းကို အနိုင်ယူရန်လိုအပ်ကြောင်း သတိပေးခဲ့သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) အပြီးတွင် ရမှတ် (၆၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေပြီး ဒုတိယနေရာမှ လက်ရှိချန်ပီယံ မန်စီးတီးအသင်း(၅၈ မှတ်)ကို (၅)မှတ်ဖြတ်ထားသည်။

သို့သော် အီယန်ရိုက်က မန်စီးတီးအသင်းအနေဖြင့် လက်ကျန်ပွဲစဉ်များတွင် ရှုံးမည်မဟုတ်သဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူလိုပါက အာဆင်နယ်အသင်းအနေဖြင့် ပွဲစဉ်တိုင်းကို အနိုင်ယူရလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အီယန်ရိုက်က ''အနိုင်ရဖို့အတွက် နည်းလမ်းရှာဖွေဖို့ လိုပါတယ်။ ဒီရာသီမှာ အာဆင်နယ်အနေနဲ့ ပွဲအချို့မှာ အဲဒီလိုလုပ်ပြနိုင်ခဲ့တာကိုတွေ့ ရပါတယ်။ အာဆင်နယ်အနေနဲ့ ရာသီလက်ကျန်ပွဲတွေအားလုံး အဲဒီလို လုပ်နိုင်မှ ဖလားရပါလိမ့်မယ်။ မန်စီးတီးအနေနဲ့ ရာသီလက်ကျန်ပွဲတွေမှာ ရှုံးတော့မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါကြောင့် အာဆင်နယ်ကစားသမားတွေအနေနဲ့ ပွဲစဉ်တိုင်းနောက်ဆုံးစက္ကန့်အထိ ကြိုးစားဖို့လိုပါတယ်။ ပွဲတိုင်းကို ဗိုလ်လုပွဲလိုသဘောထားပြီး ကြိုးစားရမှာပါ''ဟု ပြောကြားခဲ့သည်။