မန်ယူအသင်းမှ မာဆေးလ်အသင်းသို့ အငှားသွားရောက်ကစားနေသည့် အိုင်ဗရီကို့စ်နောက်ခံလူ ဘာယီသည် (၇) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ဘာယီ(၂၈ နှစ်)သည် မန်ယူအသင်းတွင် ပထမကစားသမားအဖြစ် ပုံမှန်နေရာရယူနိုင်ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့်နွေရာသီတွင် မာဆေးလ်အသင်းထံ အငှားသွားရောက်ကစားခဲ့ခြင်းဖြစ်သည်။
ဘာယီသည် ပြင်သစ်ဖလား ရှုံးထွက်(၆၄)သင်းအဆင့်ပွဲစဉ်၌ ပြိုင်ဘက်ကစားသမား၏ ရင်ဘတ်ကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့ခြင်းကြောင့် (၇)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။