မန္တလေးမြို့တွင် ရှမ်းခေါက်ဆွဲဆိုင်အတွင်းသို့ဝင်ရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး

မန္တလေးမြို့တွင် ရှမ်းခေါက်ဆွဲဆိုင်အတွင်းသို့ဝင်ရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး
Published 20 November 2022

 မန္တလေးမြို့တွင်င် ရှမ်းခေါက်ဆွဲဆိုင်အတွင်းသို့ဝင်ရောက်ပြီး သေနတ်ဖြင့်ပစ်ခံရခြင်းကြောင့် အမျိုးသားတစ်ဦးသေဆုံးမှု နိုဝင်ဘာလ၂ဝရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

မဟာအောင်မြေမြို့နယ်၊ ၇၆လမ်း၊၃၇လမ်းနှင့် ၃၈လမ်းကြားရှိ  ရှမ်းခေါက်ဆွဲဆိုင်သို့ မက်စ်တပ်ထားသည့် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဆိုင်တွင်ဝင်ထိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆိုင်အတွင်းရှိနေသော ကိုကျော်ဇင်ထက်အား ၎င်းတို့မှသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်‌သည်။ 

ယင်းပစ်ခတ်မှုကြောင့် ကိုကျော်ဇင်ထက်၏ လက်ဝဲပါးဘက်နှင့်လက်ဝဲဘက်လည်ပင်းတို့တွင် ကျည်ဖေါက်ဝင်ဒဏ်ရာများရရှိပြီးသေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသည့် ကိုကျော်ဇင်ထက်မှာ ဆိုင်ကယ်ဝပ်ရှော့လုပ်ကိုင်သူဖြစ်ကာ ၇၆လမ်းနှင့် ၇၇လမ်းကြား၊ ၃၆လမ်းနှင့်၃၇လမ်းကြား ဟေမမာလာမြောက်ရပ်ကွက်နေထိုင်သူဖြစ်သည်ဟု စုံစမ်းသိရသည်။

Most Read

Most Recent