မန်စီးတီးနှင့် အာဆင်နယ်ပရိသတ်များမှာ ခြားနားကြောင်း ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး ဖွင့်ဟ 

မန်စီးတီးနှင့် အာဆင်နယ်ပရိသတ်များမှာ ခြားနားကြောင်း ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး ဖွင့်ဟ 
Photo: Getty Images
Photo: Getty Images
Published 8 October 2022

 

အာဆင်နယ်အသင်း၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဂျေးဇူးက မန်စီးတီး နှင့် အာဆင်နယ်အသင်းအားပေးသူပရိသတ်များမှာ ခြားနားကြောင်း ပြောကြားခဲ့သည်။ 

အသက် ၂၅ နှစ်အရွယ်ရှိ ဂျေးဇူးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ အာဆင်နယ်အသင်းထံသို့ ပေါင် ၄၅ သန်းဖြင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။ ၎င်းသည် အာဆင်နယ်အသင်း သို့ မပြောင်းရွှေ့မီ မန်စီးတီးအသင်းတွင် ငါးနှစ်ခွဲကစားခဲ့ပြီး ပြိုင်ပွဲစုံ ၂၃၆ ပွဲတွင် ၉၅ ဂိုး သွင်းယူခဲ့ကာ အသင်းနှင့်အတူ ပရီးမီးယားလိဂ် လေးကြိမ်အပါအဝင် ဆုဖလား ၁၀ လုံး အထိ ရယူနိုင်ခဲ့သည်။ 

ထို့ကြောင့် ဂျေးဇူးသည် မန်စီးတီးအသင်းတွင် ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၎င်းအသင်းမှ ထွက်ခွာချိန်တွင် မန်စီးတီးပရိသတ်များ ဝမ်းနည်းခဲ့ကြသည်။ လက်ရှိ အာဆင်နယ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲတွင် ငါးဂိုး သွင်းယူထားသည့် ဂျေးဇူးက အာဆင်နယ်ပရိသတ်များမှာ မန်စီးတီးပရိသတ်များထက် ပိုမိုနွေးထွေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော် အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ဘရာဇီးလ်စားသောက်ဆိုင်တစ်ခုကို သွားတဲ့အချိန်မှာ အာဆင်နယ်ပရိသတ်တွေ ကျွန်တော့်ကို လာပြီးနှုတ်ဆက်ကြပါတယ်။ ဒါက မန်စီးတီးပရိသတ်တွေနဲ့ ကွာခြားမှုပါပဲ။ အာဆင်နယ်ပရိသတ်တွေနဲ့ စကားပြောကြည့်တဲ့အခါမျိုးမှာ သူတို့က ကျွန်တော့်ကို ကြိုဆိုကြောင်း ခံစားရတယ်။ ပြီးတော့ အာဆင်နယ်ပရိသတ်တွေက အဆုံးထိ အားပေးကြတဲ့သူတွေပါ။ ဒါက မန်စီးတီး ပရိသတ်တွေနဲ့ ကွာခြားမှုပါပဲ"ဟု ဂျေးဇူးက ပြောကြားခဲ့သည်။ 

Most Read

Most Recent