သေနတ်နှင့် ဓားကိုင်ထားသော ရဲအရာရှိဟောင်းတစ်ဦးသည် အောက်တိုဘာ ၆ ရက် က ထိုင်းအရှေ့မြောက်ပိုင်းရှိ နေ့ကလေးထိန်း ကျောင်းထဲ ဝင်ရောက်လာခဲ့ပြီး ပစ်ခတ်ခဲ့သဖြင့် ကလေးများအပါအဝင် အနည်းဆုံး ၃၀ သေဆုံးသွားခဲ့သည်ဟု သိရသည်။
အဆိုပါ ရဲအရာရှိဟောင်းသည် ၄င်း၏မိသားစုကိုလည်း သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွား ခဲ့သည်ဟုရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်သူသည် နေ့လယ် ၁၂ နာရီခွဲတွင် နောင်ဘူအာလမ်ဖူးပြည်နယ်ရှိ နေ့ကလေးထိန်း ကျောင်းကိုသေနတ်ဖြင့်ပစ်ပြီး ကားဖြင့် ထွက်ပြေးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။
“ပစ်ခတ်မှုအတွင်းသေဆုံးသူစုစုပေါင်းအနည်းဆုံး ၃၀ ရှိပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြောရေး ဆိုခွင့်ရှိသူအနူချာဘူရာပါချိုင်ဆရီက ပြောကြားသည်။
သေနတ်သမားမှာ မူးယစ်ဆေးဝါးသုံးစွဲသဖြင့် လွန်ခဲ့သောနှစ်တွင် ရဲတပ်ဖွဲ့က ထုတ်ပယ်လိုက်သော ဒု-ရဲမှူးပါ ညာခမ်ရပ်ဖြစ်သည်ဟု ယင်းပြည်နယ်မှ ရဲမှူး ဂျက်ကာပတ်ဗီဂျီထရိုင်သာရာက ပြောကြားသည်။
သေဆုံးသူများထဲတွင် အသက်နှစ်နှစ်မှ သုံးနှစ်အရွယ်ကလေး ၂၃ ဦး ပါဝင်သည်ဟု ဂျာကာပတ်က ပြောကြားသည်။
တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိတစ်ဦးက ဘန်ကောက် စစ်သင်တန်းတွင် အခြားအရာရှိ နှစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် တစ်လမပြည့်မီ ယခုဖြစ်ရပ် ဖြစ်ပွားခြင်းဖြစ်သည်။
Ref: AFP














