၂၀၂၀ ကမ္ဘာ့ဖလားပရိသတ်များ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံထားရန် လိုအပ်မည်မဟုတ်ဟု ကာတာကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

၂၀၂၀ ကမ္ဘာ့ဖလားပရိသတ်များ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံထားရန် လိုအပ်မည်မဟုတ်ဟု ကာတာကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ကမ္ဘာ့ဖလားဗိုလ်လုပွဲကျင်းပမည့်  ပရိသတ် ၈၀,၀၀၀ ဆံ့ Lusail  ကွင်းကို  သြဂုတ် ၁၁ ရက်တွင် ရိုက်ထားသော ပုံ၌ တွေ့ရစဉ် (Photo : AFP)
ကမ္ဘာ့ဖလားဗိုလ်လုပွဲကျင်းပမည့်  ပရိသတ် ၈၀,၀၀၀ ဆံ့ Lusail  ကွင်းကို  သြဂုတ် ၁၁ ရက်တွင် ရိုက်ထားသော ပုံ၌ တွေ့ရစဉ် (Photo : AFP)
Published 30 September 2022
Ref : AFP

ယခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားကြမည့် ပရိသတ် တစ်သန်းကျော်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုများသည် မဖြစ်မနေ လုပ်ရမည့် အရာမဟုတ်ဟု စက်တင်ဘာ  ၂၉ ရက်တွင် ပင်လယ်ကွေ့နိုင်ငံဖြစ်သော ကာတာက ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ချိုးဖောက်သူများအား ပြိုင်ပွဲမှနှင်ထုတ်မည်ဟု ခြိမ်းခြောက်ထားခြင်းနှင့်အ တူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များ ထပ်မံ မြင့်တက်လာမည်ဆိုပါက ကစားသမား များနှင့်ဒိုင်လူကြီးများ လုံခြုံသောသတ်မှတ် နေရာအတွင်းဝင်ရောက်နေနိုင်သည်ဟု ကာတာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၉ ရက်ကြာ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ စတင်ခဲ့ပြီးနောက် ပထမဆုံးကျင်းပမည့် ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် လူခြောက်သန်းကျော် သေဆုံးထားသည်။

ဘောလုံးပွဲများ ကြည့်ရန် လူတစ်သန်းကျော် ဒိုဟာမြို့ကို လာမည်ဟု ခန့်မှန်းထားသော ကာတာပြိုင်ပွဲစီစဉ်သူများနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တို့က ၎င်းတို့အနေ ဖြင့် ၂၀၂၂ ကမ္ဘာ့လားပြိုင်ပွဲကို ကမ္ဘာက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအား အောင်နိုင်သည့် အမှတ်လက္ခဏာဖြစ်စေလိုသည်ဟု ပြောကြားခဲ့ကြသည်။

ကာတာ$ ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်ရှိသော် အထူးအစီအမံများကို ညွှန်ကြားမည်ဟု ကာတာကျန်းမာရေးဝန်ကြီးဌာနက ကာတာကမ္ဘာ့ဖလားလမ်းညွှန်ချက်များတွင် သတိပေးထားသည်။ အထူးသဖြင့် မျိုးကွဲသစ်ခြိမ်းခြောက်မှုမျိုး ပေါ်ပေါက်ခြင်းကဲ့သို့သော အခြေအနေတွင် အထူးအစီအမံကို ထုတ်ပြန်မည်ဟု ဆိုသည်။

Covid-19 ကို လောလောဆယ် ထိန်းချုပ်ထားသည်ဟု ယူဆထားခြင်းနှင့်အတူ ပြိုင်ပွဲဝင်များအတွက်ရော လာရောက်သည့် ပရိသတ်များအတွက်ပါ ကာကွယ်ဆေးထိုးနှံမှု လိုအပ်ချက်မရှိဟု ကာတာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်တွင် စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာကို လေကြောင်းခရီးများဖြင့် မလာမီ အသက် ၆ နှစ်အထက် ဧည့်သည်အားလုံးသည် ကူးစက်ခံရခြင်းမရှိဟု အဖြေထွက်သော ကိုဗစ်ဆေးစစ်မှုကို ခံယူကြရမည်ဖြစ်သည်။

ပရိသတ်များသည် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည့် ဘတ်စ်ကား၊ ရထားတို့ကိုစီးနင်းရာတွင် နှာခေါင်းစည်းများတပ်ဆင်ကြရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပွဲများ ယှဉ်ပြိုင်ကစားမည့် ဒိုဟာဒေသရှိ အားကစားကွင်းရှစ်ခုတွင် နှာခေါင်းစည်းများ အသုံးပြုကြရန်သာ အာဏာပိုင်များက အကြံပြုထားသည်။

ကာတာတွင် ကိုဗစ်ကူးစက်ခံရသည်ဟု စစ်ဆေးတွေ့ရှိရသူ မည်သူမဆို ငါးရက် ကွာရန်တင်းဝင်ရမည်ဟု လမ်းညွှန်ချက်များတွင် ဖော်ပြထားသည်။အုပ်စုပွဲများ ယှဉ်ပြိုင်သည့် အခါ ပြိုင်ပွဲဝင် ၃၂ သင်း၏ ပရိသတ်များ ကွင်းလုံးပြည့်အားပေးမည့် အခြေအနေကို တာဝန်ရှိသူများက စိုးရိမ်လျက်ရှိသည်။

Most Read

Most Recent