စည်းကမ်းမလိုက်နာသည့် YBS ယာဉ် ၅၃၈ စီးကို အရေးယူထားပြီး ယာဉ်ပေါ်၌ ဖြစ် ပွားသည့် ခါးပိုက်နှိုက်မှုများကိုလည်း စီမံချက်ဖြင့်အရေးယူရန် တိုင်းအစိုးရအဖွဲ့က ရဲတပ်ဖွဲ့သို့ ညွှန်ကြားထားကြောင်း YRTC ထံမှ သိရသည်။
ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက YRTC ရုံးချုပ်၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံရှင်း လင်းပွဲတွင် YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ထိုသို့ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ခါးပိုက်နှိုက်ဖြစ်စဉ်များနှင့် ပတ်သက်၍ ၎င်းတို့တွင် အရေးယူခွင့်မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ရဲတပ်ဖွဲ့သို့ စနစ်တကျအရေးယူရန် ညွှန်ကြားခဲ့ကြောင်း YRTC တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
“ခါးပိုက်နှိုက်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ လေးကြိမ်တင်ပြခဲ့ပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို စနစ်တကျနဲ့ စီမံ ချက်ဖြင့်ဆောင်ရွက်ပါလို့ ညွှန်ကြားထားတာ ရှိပါတယ်” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
ထို့ပြင် စည်းကမ်းမလိုက်နာသည့် YRTC ယာဉ် ၅၃၈ စီးအနက် ခရီးသည်မှတ်တမ်းမပါ ၁၂၂ စီး၊ ယာဉ်အကူပါ ၂၅၃ စီး၊ ယာဉ်စီးခ ပိုတောင်း ၄၆ စီး၊ ယာဉ်စီးခ ကျပ် ၅၀၀ နှင့်အ ထက် ပိုတောင်း ၁၂၆ စီး အပါအဝင် စုစုပေါင်း ၅၃၈ စီးကို အရေးယူထားကြောင်း သိရသည်။
လက်ရှိ YBS ယာဉ်များ၌ စပယ်ယာများ မလိုက်ရဟု တားမြစ်ထားသော်လည်း စပယ် ယာများပါရှိသည့်ကိစ္စနှင့်ပတ်သက်၍ တိုင် တန်းသည့်ကိစ္စများ ရှိပါကလည်း မှန်-မမှန် စိစစ်ကာ အသွင်ယူဖမ်းဆီးလျက်ရှိကြောင်း YRTC တာဝန်ရှိသူများက ပြောကြားသည်။
လက်ရှိ အရေးယူခံထားရသည် ယာဉ် ၅၃၈ စီးအနက် သုံးလပိတ်နှင့် ခြောက်လပိတ် ပြစ်ဒဏ် ၃၃၈ စီး နှင့် တစ်နှစ်ပိတ်ပြစ်ဒဏ် ၁၉၉ စီးရှိကြောင်း သိရသည်။















