နိုင်ငံခြားဝယ်ယူခွင့် တင်ပြလာသောကုမ္ပဏီများအနေဖြင့် သွင်းကုန်လိုင်စင်၊ ဝယ်ယူလိုသည့်ပမာဏ၊လွှဲပို့မည့်ကုမ္ပဏီ၊ ဘဏ်စာရင်းစသည်တို့ကို BOD အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင် လာရောက်တင်ပြရမည်ဟု စီးပွားကူးသန်း ထုတ်ပြန်

နိုင်ငံခြားဝယ်ယူခွင့် တင်ပြလာသောကုမ္ပဏီများအနေဖြင့် သွင်းကုန်လိုင်စင်၊ ဝယ်ယူလိုသည့်ပမာဏ၊လွှဲပို့မည့်ကုမ္ပဏီ၊ ဘဏ်စာရင်းစသည်တို့ကို BOD အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင် လာရောက်တင်ပြရမည်ဟု စီးပွားကူးသန်း ထုတ်ပြန်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 7 April 2022

နိုင်ငံခြားဝယ်ယူခွင့်တင်ပြလာသောကုမ္ပဏီများအနေဖြင့် သွင်းကုန်လိုင်စင်၊ ဝယ်ယူလိုသည့်ပမာဏ၊လွှဲပို့မည့်ကုမ္ပဏီ၊ ဘဏ်စာရင်း စသည်တို့ကို BOD အဖွဲ့ဝင် တစ်ဦး ကိုယ်တိုင် လာရောက်တင်ပြရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာ နမှ ထုတ်ပြန်ထားသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေဝယ်ယူရန်အတွက် နိုင်ငံ ခြားငွေဝယ်ယူခွင့် တင်ပြသော ကုမ္ပဏီများ အနေဖြင့် အောက်ပါအချက်အလက်များ တင် ပြရမည်ဖြစ်ကြောင်း၊BOD အဖွဲ့ ဝင်တစ်ဦး ကိုယ်တိုင်လာရောက်ရမည်ဖြစ်ကြောင်း၊ သွင်းကုန်လိုင်စင်အနေဖြင့် ၂၀၂၂ ခုနှစ် မတ် ၂၈ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက် အ တွင်း  ခွင့်ပြုလိုင်စင်ဖြစ်ရမည်၊ ငွေဝယ်ယူလို သည့်ဘဏ် ဦးစားပေးဘဏ် သုံးခုစာရင်းပါရှိ ရ မည်၊ ဝယ်ယူလိုသည့်ငွေပမာဏ၊ ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းအမှတ်/ဘဏ်အ မည် ၊ Invoice ၊ Bill of Landing ၊ လွှဲပို့မည့် ကုမ္ပဏီအမည်/ဘဏ်စာရင်းအမှတ်/ဘဏ်အမည်၊  ကုန်ပစ္စည်းရောက်ရှိမှုအခြေအနေ၊ အကောက်ခွန်ရှင်းလင်းပြီးဖြစ်ပါက  Release Order ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AD လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားသုံးငွေများ လွှဲပြောင်းမှုအတွက် နိုင်ငံခြားငွေ ရောင်းချပေးရာတွင် တစ်ဒေါ်လာ လျှင် ဝန်ဆောင်စရိတ် သုံးကျပ်သာယူ၍ ဗဟို ဘဏ် သတ်မှတ်နှုန်းဖြင့် ရောင်းချပေး ရန် ဧပြီ ၅ ရက်က ထုတ်ပြန်သည့် ဗဟိုဘဏ်၏ ညွှန် ကြားချက် (၆/၂၀၂၂)တွင်ဖော်ပြထားသည်။

အဆိုပါညွှန်ကြားချက်တွင် ပြည်ပသို့ နိုင်ငံခြားငွေများလွှဲပြောင်းရန်အတွက် ကော်မတီ ခွင့်ပြုချက်ရရှိပါက AD လိုင်စင် ရဘဏ်များအနေဖြင့် လွှဲပြောင်းခွင့်ရရှိသူ သို့ နိုင်ငံခြားငွေ ရောင်းချပေးရာတွင် မြန် မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထား သည့် ငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးရန် နှင့် ဝန်ဆောင်စရိတ်အဖြစ် တစ်ဒေါ်လာ လျှင် သုံးကျပ် ကောက်ခံရန်ဖြစ်သည်။

ရည်ညွှန်းချက်ပါ (၃.၄.၂၀၂၂) ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)အရ ပြည်ပ၌ နေထိုင်သူများ၏ နိုင်ငံခြားငွေ စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက် မှုများနှင့် စပ်လျဉ်း၍နိုင်ငံခြားသုံးငွေရောင်း ဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင် စင်ရဘဏ်များအနေဖြင့် အောက်ပါတို့ကို အလုပ်လုပ်ရက် တစ်ရက်အတွင်း လိုက်နာ ဆောင်ရွက်ရန်ဖြစ်သည်။

ပို့ကုန်ရငွေများဖြစ်ပါက နိုင်ငံခြား ငွေ ဝင်ရောက်သည့်ရက်တွင် သက်ဆိုင်ရာ ကုမ္ပဏီ၏စာရင်းသို့ လွှဲပြောင်းထည့်သွင်းရန်၊ AD လိုင်စင်ရဘဏ်က ဗဟိုဘဏ်မှ သတ် မှတ်ထားသည့် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူ ပြီး ကျပ်ငွေစာရင်းသို့ ထည့်သွင်းရန် ဖြစ်သည်။

ဝန်ဆောင်မှုအပါအဝင် အခြားရငွေ များ ဖြစ်ပါက နိုင်ငံခြားငွေဝင်ရောက်သည့် ရက် တွင် သက်ဆိုင်ရာကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ နိုင် ငံခြားငွေစာရင်းသို့ လွှဲပြောင်းထည့်သွင်းရန်၊ AD လိုင်စင်ရဘဏ်က ဗဟိုဘဏ်မှ သတ် မှတ်ထားသည့် ငွေလဲလှယ် နှုန်းဖြင့် ဝယ်ယူ ပြီး ကျပ်ငွေစာရင်းသို့ ထည့်သွင်းရန်ဖြစ် သည်။

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်ခြင်း အတွက် အမြတ်ဝေစုပေးပို့ခြင်း၊ ရင်းနှီးငွေ ပြန်လည်ပေးပို့ခြင်း၊ပြည်ပတွင် ရင်းနှီး မြှုပ် နှံခြင်းအတွက် လွှဲပြောင်းခြင်း၊ ပြည်ပမှ ရယူ ထားသော ချေးငွေနှင့် အတိုးများကို ပြန်လည် ပေးဆပ်ခြင်း၊နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၂၇ တွင် သတ်မှတ်ထားသည့် အသုံးစရိတ်များ လွှဲပို့ခြင်းတို့ ပါဝင်သည်။

 

 

         

Most Read

Most Recent