ဖီအိုရင်တီးနားနှင့် ပြန်လည်ဆုံတွေ့မည့်အတွက် ဗလာဟိုဗစ် စိတ်လှုပ်ရှား

ဖီအိုရင်တီးနားနှင့် ပြန်လည်ဆုံတွေ့မည့်အတွက် ဗလာဟိုဗစ် စိတ်လှုပ်ရှား
Photo: Juventus Twitter
Photo: Juventus Twitter
Published 28 February 2022

လာမည့် ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အသင်းဟောင်း ဖီအိုရင်တီးနားနှင့် ပြန်လည်ဆုံတွေ့မည့်အပေါ် ဗလာဟိုဗစ် စိတ်လှုပ်ရှားနေကြောင်း သိရသည်။

ဗလာဟိုဗစ်က ''ဖီအိုရင်တီးနားနဲ့ ပြန်ဆုံတွေ့တဲ့အပေါ် ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော် မပြောတတ်သေးပါဘူး။ ဒါက ဘောလုံးပွဲတစ်ပွဲဆိုတာပဲ ကျွန်တော် ပြောချင်ပါတယ်။ ဖီအိုရင်တီးနားက ကျွန်တော့်ကို အများကြီးကူညီခဲ့ပြီး အ့ံအားသင့်ဖွယ်ရာနှစ်တွေ ပိုင်ဆိုင်ခဲ့လို့ ကျေးဇူးတင်မိပါတယ်။ ဒီအသင်းက ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲရှိနေမှာပါ'' ဟု ပြောကြားခဲ့သည်။

ဗလာဟိုဗစ်သည် ဖီအိုရင်တီးနားအသင်းတွင် ပြိုင်ပွဲစုံ(၁၀၈)ပွဲကစားကာ (၄၉)ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

 

Most Read

Most Recent