ရုရှား-ယူကရိန်း စစ်ရေးတင်းမာမှုကြောင့် ဘောလုံးပွဲစဉ်အချို့နှင့် ဖော်မြူလာဝမ်းပွဲစဉ်များ နေရာပြောင်းလဲကျင်းပဖွယ်ရှိ

ရုရှား-ယူကရိန်း စစ်ရေးတင်းမာမှုကြောင့် ဘောလုံးပွဲစဉ်အချို့နှင့် ဖော်မြူလာဝမ်းပွဲစဉ်များ နေရာပြောင်းလဲကျင်းပဖွယ်ရှိ
Photo: AS
Photo: AS
Published 25 February 2022

ဥရောပဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို မူလသတ်မှတ်ထားသည့် စိန့်ပီတာစဘတ်ကွင်းအစား အခြားကွင်းတစ်ကွင်းကွင်း၌ အစားထိုးကျင်းပရန်အတွက် စီစဉ်နေသလို၊ အခြားပွဲစဉ်အချို့နှင့် ဖော်မြူလာဝမ်းပွဲစဉ်ဇယားတို့မှာ ကမောက်ကမဖြစ်လျက်ရှိသည်ဟု သိရှိရသည်။

ဥရောပသမဂ္ဂ(EU) သည် UEFA အား ရုရှားနိုင်ငံတွင် ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နေရာပြောင်းလဲကျင်းပရန် တောင်းဆိုခဲ့ပြီးနောက် UEFA သည် ယခု သောကြာနေ့တွင် အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ရန် စီစဉ်နေခြင်းဖြစ်သည်။အလားတူပင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာသည်လည်း ရုရှားနှင့် ယူကရိန်းတို့ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ပွဲစဉ်များအတွက် အစည်းအဝေးပြုလုပ်ရန် စီစဉ်နေသည်။

ရုရှားအသင်းသည် ပိုလန်အသင်းနှင့်လည်းကောင်း၊ ယူကရိန်းအသင်းသည် စကော့တလန်နှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံ၊ ဆိုချီမြို့တွင်ကျင်းပမည့် ဖော်မြူလာဝမ်းပြိုင်ပွဲကိုလည်း ယခုအခြေအနေဖြင့် ကျင်းပရန်မဖြစ်နိုင်ဟု FIA က ဆိုခဲ့သည်။ 

Most Read

Most Recent