ရုရှားသမ္မတ ပူတင် အပြင်းထန်ဆုံးဝေဒနာဖြင့် သေဆုံးစေလိုကြောင်း ရေးသားမှုကို မန်စီးတီးကွင်းလယ်လူ ဇင်ချင်ကို ပြန်လည်ပယ်ဖျက်

ရုရှားသမ္မတ ပူတင် အပြင်းထန်ဆုံးဝေဒနာဖြင့် သေဆုံးစေလိုကြောင်း ရေးသားမှုကို မန်စီးတီးကွင်းလယ်လူ ဇင်ချင်ကို ပြန်လည်ပယ်ဖျက်
Photo: zinchenko instagram
Photo: zinchenko instagram
Published 25 February 2022

မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမား ဇင်ချန်ကိုသည် ရုရှား -ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားသမ္မတ ပူတင်အား အပြင်းထန်ဆုံးဝေဒနာဖြင့် သေဆုံးစေလိုကြောင်း ရေးသားခဲ့ပြီး ယင်းပို့စ်ကို Instagram မှ ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ဇင်ချန်ကိုသည် ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် Instagram  တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီကတည်းက ယူကရိန်းနိုင်ငံဘက်မှရပ်တည်ကြောင်း ပြသခဲ့သည်။

ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံအား စစ်ရေးအရ တိုက်ခိုက်တော့မည်ဟု ပြောကြားချိန်ကတည်းက ဇင်ချန်ကိုက ၎င်း၏ ယူကရိန်းနိုင်ငံဘက်မှ ရပ်တည်ကြောင်း ပြသခဲ့ခြင်းလည်းဖြစ်သည်။

ဇင်ချန်ကိုသည် ''မင်း အပြင်းထန်ဆုံးဝေဒနာနဲ့ သေဆုံးသွားဖို့ မျှော်လင့်ပါတယ်''ဟု Instagram  တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ယင်းပို့စ်ကို အချိန်တိုအတွင်း ပြန်လည်ပယ်ဖျက်ခဲ့သော်လည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဇင်ချန်ကို(၂၅ နှစ်)သည် ယူကရိန်းလက်ရွေးစင်အသင်းအတွက် (၄၈)ပွဲ ကစားပေးထားသူဖြစ်ပြီး ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရုရှားလိဂ်တွင် စတင်ခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

ဇင်ချန်ကိုသည် လက်ရှိအခြေအနေ၌ ယူကရိန်းနိုင်ငံတွင် မရှိနိုင်သည့်အတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သူဖြစ်ပြီး ရုရှားနိုင်ငံ၏ ကျူးကျော်မှုကို လက်မခံနိုင်ဟုလည်း အတိအလင်း ဆိုထားသည်။

Most Read

Most Recent