မန်စီးတီးက ငွေသုံးလို့ အောင်မြင်တာလား

မန်စီးတီးက ငွေသုံးလို့ အောင်မြင်တာလား
Photo : Getty Images
Photo : Getty Images
Published 23 May 2024
AK

မန်စီးတီးကို ငွေလမ်းခင်းတယ်ဆိုပြီး တံဆိပ်ကပ်ကြတယ်။ ငွေသုံးလို့အောင်မြင်တာပါဆိုပြီး စွပ်စွဲကြတယ်။ မန်စီးတီးက သူတို့ရဲ့ခေတ်သစ်အစကို ငွေလမ်းခင်းပြီး လျှောက်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ မန်စီးတီးရဲ့ လည် ပတ်ပုံဟာစနစ်ကျလာတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ နှိုင်းယှဉ်ရင် မန်စီးတီးက ရင်းနှီးမြုပ်နှံမှု များစွာလုပ်ပြီး သူ့ထက်ပိုပြီးကျော်ကြားတဲ့ အမှတ်တံဆိပ်တွေကို ကျော်ဖြတ်ခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါ မန်စီးတီးရဲ့စီးပွားရေးအင်ပါယာက တန်ဖိုးမြင့်မားလာတယ်။ ဘယ်သူမှလိုက်မမီနိုင်မယ့် အခြေအနေမျိုးဖြစ်လာတယ်။ အတိတ်သမိုင်းကြောင်းကို ငွေနဲ့ဝယ်လို့မရပေမယ့် လတ်တလောအောင်မြင်မှုနဲ့အနာဂတ်စီမံကိန်းတွေကို ဖန်ဆင်းလို့ရပါတယ်။ မန်စီးတီးလျှောက်ခဲ့တဲ့လမ်းက အဲဒီလိုမျိုးပါပဲ။

 

Most Read

Most Recent